အခြေခံပညာအလယ်တန်းကျောင်း (မွေတော်)၌ ၂၀၂၂-၂၀၂၃ ခု ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံပညာအလယ်တန်းကျောင်း (မွေတော်)၌ ၂၀၂၂-၂၀၂၃ ခု ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ



MNP  -  ဇန်နဝါရီ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (မွေတော်)၏ ၂၀၂၂-၂၀၂၃ခု ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ‌‌၎င်းကျောင်းဝင်းအတွင်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မိုင်းပန်မြို့နယ်၊ မြို့နယ်ပညာရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အခြေခံပညာအလယ်တန်းကျောင်း(မွေတော်)၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းကွယ်နှင့် မိဘဆရာအသင်း ကျောင်းအကျိုးတော်ဆောင် နာယက ဦးစိုင်းစံမောင်တို့က ကျောင်း၏ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနားဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ပါဝင်ကူညီပံ့ပိုးပေးသော စေတနာရှင်၊ အလှူရှင်များအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။


ဆက်လက်၍ ၂၀၂၂-၂၀၂၃ခုပညာသင်နှစ် ကာယ၊ ဉာဏ ဆုရရှိခဲ့သော ကျောင်းသား/သူ များအား ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပခဲ့ရာ  ကျောင်းသား/သူလေးများမှ ပညာရေး စုံညီပွဲတော်သို့ လာရောက်ကြည့်ရှုအားပေးသူများအား “ဘက်စုံပညာရည် ဒို့လှမ်းချီ” သီချင်းသီဆိုပြီး မိမိ၏စွမ်းရည်နှင့် အကပဒေသာများဖြင့် ဖျော်ဖြေကပြခဲ့ကြောင်း သိရသည်။


နော်မှိုင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)