ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်



MNP -   ဇန်နဝါရီ ၅

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင်ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အသက်(၁၂)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းကို ယမန်နေ့ညနေ(၅)နာရီအချိန်က ကျောက်တိုင်ကွင်းတွင် ပြုလုပ်ခဲ့သည်။


အဆိုပါ အားကစားပြိုင်ပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းခိုင်ဦးက ပိုက်ကျော်ခြင်းနှင့် ဘောလုံးကစားခြင်းသည် ကျန်းမာရေးကောင်းမွန်ကြောင်း၊ အားကစားပြုလုပ်ခြင်းဖြင့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများဖြစ်လာနိုင်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့်အသင်းကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညီလာကျော်၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့်အသင်းကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်၊ အသက်(၁၂)နှစ်အောက်ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရှိရသော ရိုးမလူငယ်ဘောလုံးအသင်းကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညီလာကျော်၊ အသက်(၁၂)နှစ်အောက်ဘောလုံးပြိုင်ပွဲတွင် ပထမဆုရှိရသော ရန်ကင်းဘောလုံးအသင်းကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်၊ ပြိုင်ပွဲတွင် ကြီးကြပ်ဒိုင်လူကြီးများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်ခိုင်ဦးတို့က  ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲများကို ဇန်နဝါရီလ(၂)ရက်နေ့မှစတင်၍ ကျင်းပြုလုပ်ခဲ့ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)