ဘားအံမြို့၌ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့၌ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်


MNP  -   ဇန်နဝါရီ ၁၇

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင်ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေး၌ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုတစ်ရပ်ကို မဲခွဲချမှတ်ခဲ့သည်။


အဆိုပါ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုနှင့်ပတ်သက်၍ ကန့်ကွက်ရှုတ်ချဆန္ဒထုတ်ဖော်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်အားကစားကွင်း၌ ဒေသခံပြည်သူများစုပေါင်း၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ်ဆုံးဖြတ်ချက်များအား ဆန့်ကျင်ရှုတ်ချပါသည်၊ အမေရိကန် ကမ္ဘာ့ချီးထုပ် ဝင်မရှုပ်နဲ့၊ ပြည်တွင်းရေးရာ ဝင်ရောက်စွက်ဖက်နှောင့်ယှက်နေသော ပြည်ပနိုင်ငံများအား (အလိုမရှိ)၊ အကြမ်းဖက်အားပေးပြည်ပနိုင်ငံများအား (အလိုမရှိ)၊ အကြမ်းဖက် NUG ၊ PDF (အလို မရှိ)၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တစ်ဖက်သတ်ဆုံးဖြတ်ချက်များအား (ဆန့်ကျင်ကြ)၊ မြန်မာ့အရေးကို မြန်မာနိုင်ငံကသာဖြေရှင်းရေး(ဒို့အရေး)၊ အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်နေသည်များအား (ချက်ချင်းရပ်)၊ ကုလသမဂ္ဂသည် နိုင်ငံတကာအစိုးရ မဟုတ်ပါ၊ မြန်မာ့အရေးသည် နိုင်ငံတကာလုံခြုံရေးကို ခြိမ်းခြောက်မှုမဟုတ်ပါ၊ UNSC ၏ မြန်မာနိုင်ငံဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ပါသည်၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကိုထိပါးသည့်အကြံ ဒို့လက်မခံ စသည့် ကြွေးကြော်သံများကြွေးကြော်၍ ပိုစတာများ၊ ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဇွဲကပင်အားကစားကွင်းမှ မဲဘောင်မီးပွိုင့်လမ်းဆုံ၊ နာရီစင်၊ BOC ကွေ့၊ ကမ်းနားလမ်း၊ ကူးဆိပ်လမ်း၊ မဲဘောင် ဘုန်းကြီးကျောင်းလမ်းမှ နာရီစင်အထိ လူအင်အား ၁၈၀၀ ဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)