မုံရွာမြို့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်

 


MNP ၊ ဇန်နဝါရီ ၁၃

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုနှင့် ပတ်သက်၍ ကန့်ကွက်ရှုတ်ချဆန္ဒထုတ်ဖော်ပွဲကို  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ဇန်နဝါရီလ ၁၂ရက်နေ့ ညနေပိုင်းက  ဒေသခံပြည်သူများစုပေါင်း၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ် ဆုံးဖြတ်ချက်အား ဆန့်ကျင်ရှုတ်ချသည်၊ ပြည်တွင်းတည်ငြိမ်မှုကို ထိခိုက်စေမည့် ဖိအားပေးမှု အလိုမရှိ ၊ နိူင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်မှုအား ကြိုဆိုထောက်ခံပါသည်၊ ဒိုနိူင်ငံရဲ့ ပြည်တွင်းရေး မစွက်ဖက်နဲ့ ရှောင်ရှားပေး ၊ ပြည်ပ အားကိုး ပုဆိန်ရိုး မျိုးချစ်စိတ်ကို ဖျက်ဆီးသူအားလုံး ချေမှုန်းကြ ၊ ကုလသမဂ္ဂ၏ မမှန်ကန်သည့် ဆုံးဖြတ်ချက် အမြန်ပြန်ဖျက် ၊ အမေရိကန် နိူင်ငံကြောင့် အေးချမ်းသာယာ သွားသည့် နိူင်ငံရှိလျှင်ပြပါ ၊ အကြမ်းဖက်အားပေး ပြည်ပနိုင်ငံများအလိုမရှိ၊ အကြမ်းဖက် NUG, CRPH, PDF အလိုမရှိ၊ အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်နေမှုအား ချက်ချင်းရပ်၊ ရဟန်းသံဃာနှင့် နိုင်ငံ့ဝန်ထမ်းများအား အကြမ်းဖက်သတ်ဖြတ်နေမှုများ ချက်ချင်းရပ် စသည့် စာသားပါ ပိုစတာများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ငြိမ်ချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်နေကြသည်။ PDF အကြမ်းဖက်သမားများကို အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ပံ့ပိုးပေးနေသည်။ PDF အကြမ်းဖက်သမားများကို အလိုမရှိ။)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)