မြောက်ဦးမြို့ တော်ကို အမှိုက်ကင်းစင်မြို့တော်ဖြစ်စေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ အမှိုက်ကောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့ တော်ကို အမှိုက်ကင်းစင်မြို့တော်ဖြစ်စေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ အမှိုက်ကောက်





MNP  -  ဇန်နဝါရီ ၇

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တော်ကို အမှိုက်ကင်းစင်မြို့တော်ဖြစ်စေရန်အတွက် မြို့နယ်အဆင့်ဌာန ဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ ယနေ့ နံနက် ၈ နာရီ အချိန်က လက်ကောက်ဈေးရပ်ကွက် လေးမျက်နှာဘုရား၊ ထုက္ကန့်သိမ်ပုထိုးတော်ကြီး နှင့် ရှစ်သောင်းပုထိုးတော်ကြီး လမ်းဘဲဝဲယာရှိ ခြုံနွယ် ပိတ်ပေါင်း များ ၊ စွန့်ပစ်အမှိုက်များ နှင့် ပလစ်စတိတ်အိတ် များကို ရှင်းလင်း ဆောင်ရွက်လျှက်ရှိ ကြောင်း သိရသည်။


ထို့နောက်  လေးမျက်နှာဘုရား၊ ထုက္ကန့်သိမ်ပုထိုးတော်ကြီး နှင့် ရှစ်သောင်းပုထိုးတော်ကြီး လမ်းဘဲဝဲ  ယာနှင့် ဘုရားအတွင်း ၊ အပြင် ရှိ အမှိုက်များ ၊ ခြုံနွယ္ပိတ်ပေါင်းများ နှင့် ပလစ်စတိတ်အိတ်များကို ဌာနဆိုင်ရာဝန်ထမ်းများ ၊ လူမှုရေးအသင်းအဖွဲ့များ တို့ပူးပေါင်း၍ ရှင်းလင်းလျှက်ရှိသည်။


အဆိုပါ ဘုရား၊ပုထိုးစေတီများရှိ ခြုံနွယ်ပိတ်ပေါင်းများ နှင့် ပလပ်စတစ်အမှိုက်များ စုပေါင်းသန့်ရှင်း ရေး ဆောင်ရွက်ရာနေရာသို့ မြို့နယ္စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးစိုးသက် ဦးဆောင်၍  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊  မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ မှဝန် ထမ်းများ နှင့် လူမှုရေးအသင်းအဖွဲ့များ တို့ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး လုပ်ဆောင်လျှက်ရှိ ကြောင်းသိရသည်။


ပြီးနောက်  အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်များ လာရောက်ချိန်တွင် ဘုရား၊ပုထိုးစေတီများ သန့်ရှင်းသာယာလှပရေး အတွက် ပလစ်စတိတ်အမှိုက်များကောက် ယူခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများနှင့် ပေါင်းမြက်များအား ဌာနဆိုင်ရာဝန်ထမ်းများ နှင့် လူမှုရေးအသင်းအဖွဲ့များတို့ ပူးပေါင်း၍အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး  လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)