လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာဟောပြောပွဲကျင်းပ



MNP  -   ဇန်နဝါရီလ   ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၇)ရပ်ကွက်ရှိ အထက(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နေ့လယ်(၁၂)အချိန်၌ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာဟောပြောပွဲကို ကျင်းပခဲ့သည်။


အဆိုပါဟောပြောပွဲတွင် အထက(၃)ကျောင်းအုပ်ဆရာမကြီးဒေါ်နှင်းနှင်းခိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍‌ရန်ကုန်မြောက်ပိုင်းမူးယစ်တပ်ဖွဲ့မှ ဒုရဲမှူးညိုပုကမူးယစ်ဆေးဝါးဆိုတာဘာလဲ၊ မူးယစ်ဆေးအမျိုးအစားများအကြောင်းကိုဟောပြောခဲ့ပြီး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ဒုတိယဥပဒေအရာရှိဦးပြည့်ဖြိုးမောင်က မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ခံစားရမည့်ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက်စာရေးဆရာဦးသူရဇော်(ဉာတတ္ထစရိယာ)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးမြင့်ဇော်တို့က မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ရရှိမည့် ဆိုးကျိုးများအကြောင်း၊ ရှောင်လေဝေးဝေးမူးယစ်ဆေးဆိုသည့် ဆောင်ပုဒ်အတိုင်းမူးယစ်ဆေးကို ဝေးဝေးမှရှောင်ရှားကြရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။


ဟောပြောပွဲသို့ ရန်ကုန်မြောက်ပိုင်းမူးယစ်တပ်ဖွဲ့မှဒုရဲမှူးညိုပု၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ဒုတိယဥပဒေအရာရှိဦးပြည့်ဖြိုးမောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဦးမြင့်ဇော်၊ စာရေးဆရာဦးသူရဇော်(ဉာတတ္ထစရိယာ)၊ အထက(၃)ကျောင်းမှ‌ဆရာ/ဆရာမများ၊ ကျောင်းသား/သူ(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


မြင့်ဇော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)