MNP - ဇန်နဝါရီ ၃
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ ဘူးသီးတောင်မြို့နယ်တွင် ပြည်သူများအနေဖြင့် မိမိတို့နိုင်ငံ၏ လွတ်လပ် ရေး နေ့ကို အမှတ်တရရှိစေရန်၊ အလေး ထား တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ် ရေးနေ့ အထိမ်းအမှတ်အဖြစ် အရွယ်အစား (၄)လက်မပတ်လည်ရှိ စတစ်ကာများအား မော်တော်ယာဉ် နှင့် သုံးဘီယာဉ်များတွင် ကျယ်ကျယ် ပြန့် ပြန့်ကပ်ပေးခြင်း စတစ်ကာကမ်ပိန်းကို ယနေ့ နေ့လယ် (၁)နာရီ လူစည်ကားရာနေရာတို့ တွင် ဆောင် ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ ၊ ဘူးသီးတောင် မြို့နယ် စီမံအုပ် ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေး နှင့် အဖွဲ့ဝင်များ နှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်း အဖွဲ့က ဘူးသီးတောင်မြို့ ဗိုလ်ချုပ်လမ်းမကြီး ၊ သင်္ဘောဆိပ် လမ်းအနီး ၊ မြို့ဝင် /မြို့ထွက်လမ်းဆုံလမ်းမကြီးတွင် ဖြတ်သန်း သွား လာနေသည့် မော်တော်ယာဉ်များ၏ရှေ့ မြင်သာ သည့်နေရာများ၌ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ် ရေးနေ့ အထိမ်းအမှတ် စတေကာ (၂၀၀) စောင်အား ကပ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment