ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း မိုင်းယန်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများအား တွေ့ဆုံပြီး အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း မိုင်းယန်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများအား တွေ့ဆုံပြီး အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်




MNP  -  ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၂ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မိုင်းယန်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများအား တွေ့ဆုံခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ တက်ရောက်လာကြသူများက တစ်ဦးချင်း မိတ်ဆက်ပြီး မိုင်းယန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က ခရိုင်ရုံးများ ဖွင့်လှစ်မှု အခြေအနေများ၊ နယ်မြေအခြေအနေများနှင့် ဒေသအတွက် လိုအပ်သည်များကို ရှင်းလင်းတင်ပြ သည်။


ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းမှ အခြေခံစားသောက်ကုန်များနှင့် ထောက်ပံ့ငွေများကို ပေးအပ်ရာ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများကိုယ်စား မိုင်းယန်းခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးတို့က လက်ခံရယူကြောင်း သိရသည်။


ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန်၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍများ၊ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးအပါအဝင် တစ်ပိုင်တစ်နိုင် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းများအား ခရိုင်/ မြို့နယ်အဆင့် တာဝန်ရှိသူများမှ အားပေးဆောင်ရွက်ကြရန်နှင့် (Working Group) မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်း ကောက်ယူရေး လုပ်ငန်းများအပေါ် တာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြရန်  လမ်းညွှန်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


ထွန်းထွန်းထူး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)