ကျိန္တလီမြို့တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲနှင့်အားကစားပြိုင်ပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲနှင့်အားကစားပြိုင်ပွဲများကျင်းပ





MNP - ဇန်နဝါရီ ၄

    ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက အ.ထ.က ကျောင်းနှင့်ကျောင်းရှေ့ဘော်လုံးကွင်းတွင် ကျင်းပလျက်ရှိသည်။ 


    ထိုသို့ အားကစားပြိုင်ပွဲများကိုကျင်းပလျက်ရှိရာ ကျိန္တလီမြို့ အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်းနှင့်မူလတန်းအဆင့်ရှိ ကျောင်းသား/ကျောင်းသူများနှင့်အားကစားဝါသနာရှင် လူငယ်မောင်မယ်များက ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ ပြိုင်ပွဲတွင် မီတာ(၁၀၀) ကျား/မ တာတိုပြေးပွဲ၊ မာရသွန်(၈-ကီလိုမီတာ)ခန့်တာဝေးအပြေးပြိုင်ပွဲ၊ ထုတ်ဆီးထိုးပြိုင်ပွဲ၊ လွန်ဆွဲပွဲ၊ ဖားခုန်ပြိုင်ပွဲနှင့်ဂုဏ်နီအိတ်စွပ် ပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိ ကြောင်းသိရသည်။ 


    အဆိုပါပြိုင်ပွဲ များတွင် တစ်ဦးချင်း ဆုရရှိကြသည့်ကျောင်းသား/ကျောင်းသူများ၊ အဖွဲ့လိုက် ဆုရရှိကြသည့်ကျောင်းသား/ကျောင်းသူများနှင့် ဆုရရှိသည့်အသင်းအဖွဲ့များအား အ.ထ.က. ကျောင်းရှေ့ဘော်လုံးကွင်းတွင် ဆုများအသီးသီးပေးအပ်သွားမည်ဖြစ်ကြောင်း အားကစား ဖြစ်မြောက်ရေး ကော်မတီထံမှသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)