MNP - ဇန်နဝါရီ ၅
(၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အလေးပြုခြင်း အခမ်းအနားကို ယနေ့နံနက် ၄ နာရီ မိနစ် ၂၀ တွင် ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေး အဖွဲ့ပန်းခြံ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ကျင်းပပြီး သဝဏ်လွှာဖတ်ခြင်း အခမ်းအနားကို ဂန့်ဂေါမြို့ မြစ်သာခန်းမ၌ နံနက် ၇ နာရီတွင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သည့် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ဂန့်ဂေါခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးက ဖတ်ကြားသည်။
အဆိုပါ အခမ်းအနားသို့ ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်၊ ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်ဇော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်နိုင်အေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းနိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
ဆက်လက်၍ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိခဲ့သော ကျောင်းသား/သူများအား တာဝန်ရှိသူအသီးသီးက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ သတင်းစကားလက်ကမ်းစာစောင်ကို ထုတ်ဝေခဲ့ရာ အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသူများထံ ဂန့်ဂေါခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြကြောင်း သိရသည်။
ထင်အောင်နိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment