နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ (၇၅) နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ ဖွင့်ပွဲအခမ်းအနားတွင် ရိုးရာအစဉ်အလာနှင့်အညီ မနောအက စုပေါင်းဆင်နွှဲ၍ ဖွင့်လှစ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ (၇၅) နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ ဖွင့်ပွဲအခမ်းအနားတွင် ရိုးရာအစဉ်အလာနှင့်အညီ မနောအက စုပေါင်းဆင်နွှဲ၍ ဖွင့်လှစ်ပေး








MNP ၊ ဇန်နဝါရီ ၉

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ကျရောက် မည့် (၇၅) နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ကချင်ပြည်နယ်အစိုးရ အဖွဲ့ရုံးဝင်းရှေ့ မျက်ခင်းပြင်၌ ဌာနေတိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်ခြင်းကို ဖော်ထုတ်ပြသသည့် မနောအကဖြင့် စည်ကား သိုက်မြိုက်စွာကျင်းပသည်။


ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်းတို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမောင်မောင်အုန်း၊ ဦးလှမိုး၊ ဦးသောင်းဟန်၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာညွန့်ဖေ၊ ဦးမင်းသိန်းဇံ၊ ဦးမျိုးသန့်၊ ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့် ဦးဇော်အေးမောင်တို့ တက် ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေ ချုပ်နှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များက ရိုးရာ ဧည့်ကြိုအကဖြင့် ကြိုဆိုကြသည်။


ထို့နောက် (၇၅) နှစ်မြောက် စိန်ရတုကချင် ပြည်နယ်နေ့အခမ်းအနားနှင့် မနောပွဲအား ရိုးရာအစဉ်အလာနှင့်အညီ ကျင်းပနိုင်ရေးဖာသာ ဒေါက်တာဂေါ်လူယုံဝါက ဆုတောင်းဆက်ကပ်အပ်နှံပေးပြီး အခမ်းအနားနှင့်မနောပွဲကို ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများ၊ ကချင်ပြည်နယ်အတွင်းရှိ ကချင်မျိုးနွယ်စု(၆) မျိုး၊ ရှမ်းမျိုးနွယ်စု(၅ မျိုးနှင့် ဗမာတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ပညာရေးကောလိပ်၊ သူနာပြုသင်တန်းကျောင်းများမှ သင်တန်းသား/သင်တန်းသူများ၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက မနောအကတွင် ဦးဆောင်သူ (Nau Shawng)များ၏ ဦးဆောင်မှုနှင့်အတူ ရိုးရာအစဉ်အလာနှင့်အညီ မနောအကကို တပျော်တပါး စုပေါင်းဆင်နွှဲ ကြသည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများက မနောကွင်းဘေးတွင် ပြသထားသည့် ဌာနဆိုင်ရာပြခန်းများနှင့် ဒေသထွက်ကုန် ပစ္စည်းများဖြစ်သည့် သတ္တုရေးရာပြခန်း၊ သစ်တောနှင့် ပတ်ဝန်းကျင်ရေးရာပြခန်း၊ ကျောက်စိမ်းနှင့် အချောထည်ပြခန်း၊ တိုင်းရင်းဆေးထုတ်ကုန်ပြခန်း၊ စက္ကူနှင့်စာအုပ်ထုတ်ကုန်ပြခန်း၊ စိုက်ပျိုးမွေးမြူရေးနှင့်ဒေသထွက်သစ်သီးဝလံပြခန်း၊ အသင့်စားစားသောက်ကုန်ပြခန်း၊ ဂျပ်ခုတ်၊ ရက်ကန်း၊ ပိုးချည်မျှင် ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည် နယ် ဝန်ကြီးချုပ်တို့သည် စိန်ရတု ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားနှင့် ကာယပညာဦးစီး ဌာနနှင့် မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် (အထက် မြန်မာပြည်)တို့ ပူးပေါင်း၍ ပြည်သူ့အားကစား ကွင်းအတွင်း ကျင်းပသည့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို တက်ရောက်ကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြသည်။


ထို့နောက် မိုးလုံလေလုံ အားကစားခန်းမအတွင်း မြန်မာနိုင်ငံအတွင်းရှိ ရိုးရာလက်ဝှေ့ကလပ် ၁၂ ခုတို့မှ လက်ဝှေ့ကစားသမားများ၏ သုံးချီစိန်ခေါ်ပွဲ တွဲဆိုင်း လေးဆိုင်း၊ လေးချီစိန်ခေါ်ပွဲ တွဲဆိုင်း နှစ်ဆိုင်းအပါအဝင် ငါးချီအထူးစိန်ခေါ်ပွဲအဖြစ် ပြည်နယ်နှင့်တိုင်း ရွှေခါးပတ်ချန်ပီယံ၊ ဂျပန်ဘုရင့်ဖလားဆုရဆီးဂိမ်း လက်ရွေးစင် ဗျက္ခ(ကျားဖြူ)နှင့် သုံးထပ်ကွမ်း ရွှေခါးပတ်ချန်ပီယံ ကရင်ပြည်နယ်မှ ဖျံသွေး(ထူးမေတ္တာထူး)တို့အတွဲနှင့် ပြည်နယ်နှင့်တိုင်းရွှေတံဆိပ် အကောင်းဆုံးဆုရ ထွန်းလင်းခန့် (စစ်ကိုင်း)နှင့် ထွန်းမင်းအောင် (ထွန်းထွန်းမင်း ကလပ်၊ မုဒုံ) တို့အတွဲ၏ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)