(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ဝန်ကြီးဌာနကိုယ်စားပြု ပါဝင်ဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ဝန်ကြီးဌာနကိုယ်စားပြု ပါဝင်ဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်


MNP  -   ဇန်နဝါရီ ၁၃

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ဂုဏ်ပြုယာဉ်နှင့်ပြခန်းတို့၌ ပါဝင်ဆောင်ရွက်ခဲ့ကြသောဝန်ထမ်းများ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပါဝင်ခဲ့ကြသည့် ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယနေ့ပြုလုပ်သော အခမ်းအနားသည် သမိုင်းတွင် ကျန်ရစ်မည့် နိုင်ငံတော်အဆင့် အခမ်းအနားကြီးတွင် ကဏ္ဍအလိုက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းများကို အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားဖြစ်ပါ ကြောင်း၊(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့သည် ကြုံတောင့်ကြုံခဲ နေ့ထူးနေ့မြတ် ဖြစ်သည့်အတွက် ထူးခြားလေးနက်စွာ ဂုဏ်ပြုခြင်းဖြစ်သည့်အတွက် ပါဝင်ဆင်နွှဲခွင့် ရရှိခဲ့ကြသည့် ဝန်ထမ်းများအနေနှင့် ဂုဏ်ယူနေရမည့် အခမ်းအနားကြီးဖြစ်ပါ ကြောင်း၊ အခမ်းအနားတွင် ပါဝင်ခဲ့ကြသည့် ဝန်ထမ်းများကို ဝတ်စုံထောက်ပံ့ပေးခြင်း၊ ထောက်ပံ့ငွေများ ပေးအပ်ခြင်း၊ ဦးစီးဌာနအလိုက် အလှည့်ကျ နံနက်စာနှင့် အင်အားဖြည့် အစားအသောက် ကျွေးမွေးခြင်းအပြင် လိုအပ်သည့် ဆေးဝါးများကိုလည်း စီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထို့ပြင် စစ်ရေးပြတပ်ခွဲတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများ အနေနှင့် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်ကြသည့်အတွက် စစ်ရေးပြလေ့ကျင့်ခြင်း မပြုလုပ်ရသည့် ရက်တွင် အနားပေးခြင်းနှင့် အခမ်းအနားပြီးစီးသည့်ရက်မှ ရက်သတ္တတစ်ပတ် အနားပေးခြင်း၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာများ အဆင်ပြေစေရေးအတွက် ဝန်ထမ်းများ၏ လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ စစ်ရေးပြတပ်ခွဲတွင် ပါဝင်သည့် ဝန်ထမ်း ၁၆၅ ဦးအတွက် တစ်ဦးလျှင်ကျပ် ၁၀၀၀၀၀ နှုန်းဖြင့် ကျပ် ၁၆၅ သိန်း၊ ဂုဏ်ပြုယာဉ်တွင် ပါဝင်သည့် ဝန်ထမ်း ၅၂ ဦးအတွက် တစ်ဦးလျှင် ကျပ် ၁၀၀၀၀၀ နှုန်းဖြင့် ကျပ် ၅၂ သိန်း စုစုပေါင်း ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၂၁၇ သိန်း ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ပါ ကြောင်း။


သမိုင်းတွင်ကျန်ရစ်မည့် အခမ်းအနားကြီး အောင်မြင်မှုရရှိစေရန် ဝန်ထမ်းများအနေဖြင့် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်တတ်သည့် ဝန်ထမ်းကောင်းစိတ်ဓာတ်၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်တတ်သည့် စိတ်ဓာတ်တို့ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး အလေ့အကျင့်ကောင်းများ၊ အတွေ့အကြုံကောင်းများကိုရယူ၍ နိုင်ငံတော်ယန္တရားများ ပိုမိုကောင်းမွန်စွာ အရှိန်အဟုန် မြှင့်တင်လည်ပတ်နိုင်ရေးအတွက် အားသွန်ခွန်စိုက် ဆထက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဝန်ကြီးဌာနကိုယ်စားပြု စစ်ရေးပြတပ်ခွဲတွင် ပါဝင်ဆောင်ရွက်ခဲ့သော ဝန်ထမ်း ၁၆၅ ဦးအတွက် ဂုဏ်ပြုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ဝန်ကြီးဌာန ကိုယ်စားပြုဂုဏ်ပြုယာဉ်အတွက် အထူးဆုဖလားနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ရာ ပါဝင်ဆောင်ရွက်ခဲ့သော ဝန်ထမ်းများကိုယ်စား အဖွဲ့ ခေါင်းဆောင်များက လက်ခံရယူကြသည်။


ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမြင့်စိုးက ဝန်ကြီးဌာနကိုယ်စားပြု ဂုဏ်ပြုယာဉ်တွင် ပါဝင် ဆောင်ရွက်ခဲ့သော ဝန်ထမ်းများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော်က ဝန်ကြီးဌာနကိုယ်စားပြုပြခန်းတွင် ပါဝင်ဆောင်ရွက်ခဲ့သော ဝန်ထမ်းများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း ချီးမြှင့်ပေးအပ်ကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့်ညွှန်ကြား ရေးမှူးချုပ်များသည် ဝန်ထမ်းစားရိပ်သာတွင် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား၌ ဝန်ကြီး ဌာနကိုယ်စားပြု ပါဝင်ဆောင်ရွက်ခဲ့သော ဝန်ထမ်းများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)