ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အိမ်မဲမြို့နယ်တွင် တွေ့ဆုံပွဲပြုလုပ်ပြီး နေကြာသီးနှံ စိုက်ပျိုးထားရှိမှု အခြေအနေအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အိမ်မဲမြို့နယ်တွင် တွေ့ဆုံပွဲပြုလုပ်ပြီး နေကြာသီးနှံ စိုက်ပျိုးထားရှိမှု အခြေအနေအား ကြည့်ရှုအားပေး




MNP  -   ဇန်နဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယနေ့နံနက် ၈နာရီ ၃၀ မိနစ်အချိန်တွင် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံပွဲပြုလုပ်သည်။


အခမ်းအနားတွင် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်ကိုကိုဦးက အိမ်မဲမြို့နယ်အတွင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို power point ဖြင့် ဝန်ကြီးချုပ်အား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော နွေစပါး၊ပဲတီစိမ်း၊နေကြာ သီးနှံများကို အောင်မြင်အောင် ဆောင်ရွက်ကြရန်၊ တောင်သူများကို စိုက်ပျိုးရေးနှင့် ပတ်သက်ပြီး ပိုမိုအသိပညာပေး လုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ကြရန်၊ စိုက်ပျိုးလယ်မြေတွင် ရိုးပြတ်မကျန်အောင် စိုက်ပျိုးကြရန်၊ ပညာရေးကဏ္ဍအနေဖြင့် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသည် စနစ်ဟောင်းနောက်ဆုံးနှစ် ဖြစ်သောကြောင့် ကျန်ရှိနေသည့် စနစ်ဟောင်း ကျောင်းသား၊ ကျောင်သူများကို ရာနှုန်းပြည့် အောင်မြင်အောင် တာဝန်ရှိသူများက ကြိုးစားဆောင်ရွက်ကြရန်၊ MSME အသေးစားလုပ်ငန်းများကိုလည်း ပိုမိုတိုးတက် အောင်မြင်အောင် ဆောင်ရွက်ရန်တို့ကို ပြောကြားခဲ့သည်။


ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဖန်းပင်ဆိပ်ကျေးရွာ တောင်သူ ဒေါ်ဇင်မာ၏ စိုက်ပျိုးမြေ လယ်မြေကွင်းအမှတ် (၉၄)၊ ဦးပိုင်အမှတ် (၁/၂)တွင် နေကြာသီးနှံ စိုက်ပျိုးထားရှိသော အောင်မြင်မှု အခြေအနေအား ကြည့်ရှုအားပေးခဲ့ပြီး  လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။


ချစ်သက်လယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)