တောင်ကုတ်မြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကျင်းပ





MNP  -  ဇန်နဝါရီ ၄

တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့၌ ၂၀၂၃ ခုနှစ်၊ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့်သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကိုယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။


အလံတင်အခမ်းအနားကို နံနက်(၄)နာရီမိနစ်(၂၀)အချိန်တွင် လွတ်လပ်ရေးကျောက်တိုင်ကွင်း အတွင်းကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ ဂုဏ်ပြုတပ်ဖွဲ့ဝင်များမှ နိုင်ငံတော်အလံအားတိုင်ထိပ်သို့လွှင့်တင်ပြီး ဂုဏ်ပြုတပ်ဖွဲ့နှင့်အခမ်းအနားသို့ တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ ၊ ခရိုင် ၊ မြို့ နယ်အဆင့်ဌာနဆိုင်ရာများက နိုင်ငံတော်အလံအား အလေးပြုကြသည်။


ထို့နောက် နံနက်(၇)နာရီအချိန်တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်း အနားကို မြို့နယ်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ပေးပို့သော (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် ကဖတ်ကြားပြီးနောက် ကျောင်းသူတစ်ဦး မှ ဗိုလ်ရှုသဘင် သီချင်းဖြင့် ကပြတင်ဆက်သည်။


ဆက်လက်၍ အခြေခံပညာအလယ်တန်း ၊ အထက်တန်းအဆင့်  ကဗျာ ၊ ဆောင်းပါး ၊ ပန်းချီ ၊ စာစီစာကုံးပြိုင်ပွဲ(ပြည်နယ်အဆင့်)တွင် ဆုရရှိကြသည့် ကျောင်းသား ၊ ကျောင်းသူများအား တာဝန်ရှိသူများ က ဆုချီးမြှင့်ကြပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင် က မြို့နယ်အတွင်း ဌာနဆိုင်ရာများနှင့်ပူး ပေါင်းဆောင်ရွက်ပြီး လုပ်ငန်းများအောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ် ပြုမှတ်တမ်းလွှာနှင့်ဆုကြေးငွေများကိုပေးအပ်သည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ ၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှု ရေးအသင်းအဖွဲ့ဝင်များ ၊ ဆုရကျောင်းသား၊ကျောင်းသူများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြ ပြီး အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၇၅)နှစ်မြောက်စိနရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)