MNP - ဇန်နဝါရီ ၂၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်သည့် စမ်းသပ်/စံပြစိုက်ပျိုးထားခြင်းအား ကွင်းသရုပ်ပြပွဲပြုလုပ်ခြင်းကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနဝန်း၌ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ကွင်းသရုပ်ပြပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းစံသိန်း (နည်းပညာ)၊ ဒေါက်တာအောင်မိုးမျိုးတင့်(သီးနှံ)၊ ညွှန်ကြားရေးမှူးများနှင့် လုပ်ငန်း ခွင်အကြိုသင်တန်း အမှတ်စဉ်(၂/၂၀၂၃)သင်တန်းသား/သူ များတက်ရောက်ခဲ့ပြီး အဆိုပါ ကွင်းသရုပ်ပြပွဲတွင် ဒုတိယညွှန်ကြား ရေးမှူးချုပ်(နည်းပညာ) ဒေါက်တာမင်းစံသိန်းက အဖွင့် အမှာစကားပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်ထွေးမှ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်သော သီးနှံပုံစံအတွဲများ စမ်းသပ်/စံပြစိုက်ပျိုးထားခြင်း၏ ရည်ရွယ်ချက်၊ ဆောင်ရွက်ရသည့် အကြောင်းရင်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ညွှန်ကြားရေးမှူး ဒေါ်မြတ်နွယ်နွယ်မှ ကွင်းသရုပ်ပြပွဲသို့ တက်ရောက်လာကြသည့် သင်တန်းသား/သူများအား တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်သော သီးနှံပုံစံအတွဲများစမ်းသပ်/စံပြ စိုက်ပျိုးခြင်းစီမံကိန်းတွင် တာဝန်ယူဆောင်ရွက်လျက်ရှိသော ပညာရှင်များနှင့် မိတ်ဆက်ပေးခြင်းများဆောင်ရွက်ပေးခဲ့ပြီး တာဝန်ရှိသူတစ်ဦးမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သီးနှံပုံစံ (၁၀)မျိုးအား တစ်မျိုးချင်းစီအလိုက် တာဝန်ယူဆောင်ရွက်နေသည့် တာဝန်ခံများ၊ ရောဂါ၊ ပိုးမွှားတာဝန်ခံများမှ စပါး-နေကြာ-ပဲပုပ်၊ စပါးတစ်မိုးနှစ်သီး-သစ်စိမ်း-ပဲတီစိမ်း၊ စပါး-အစေ့ထုတ်ပြောင်း-ဟင်းသီးဟင်းရွက်၊ စပါး-မြေပဲ-ပဲတီစိမ်း၊ စပါးတစ်မိုးနှစ်သီး-ကြက်သွန်နီ၊ စပါး-မတ်ပဲ-နှမ်း၊ စပါးလမိုင်း- စပါးလမိုင်း-စပါး၊ စပါး-ဖူးစားပြောင်း-စပါး၊ စပါး-ကုလားပဲ-စပါး၊ ပဲပုပ်-ဆီမုန်ညင်း-ဝါစသည့် သီးနှံအတွဲတစ်တွဲချင်းစီအလိုက် လိုက်လံပြသ ရှင်းလင်းပေးခဲ့ကြရာ တက်ရောက်လာသူများမှစိတ်ပါဝင်စားစွာကြည့်ရှုကြ၍ သိလိုသည်များ မေးမြန်းခြင်းများအပေါ် ပြန်လည်ဖြေကြားပေးခြင်း လက်တွေ့ပြသပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment