နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နန်ပေါင်လေဆိပ်ပန်းဥယျာဉ်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နန်ပေါင်လေဆိပ်ပန်းဥယျာဉ်ဖွင့်လှစ်




MNP  -  ဇန်နဝါရီ ၈

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများက ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ နန်ပေါင်လေဆိပ်ပန်းဥယျာဉ်ကို ဖွင့်လှစ်ပေးကြသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမောင်မောင်အုန်း၊ ဦးလှမိုး၊ ဦးသောင်းဟန်၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာညွန့်ဖေ၊ ဦးမင်းသိန်းဇံ၊ ဦးမျိုးသန့်၊ ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်ဖြိုးသန့်၊ ဦးဇော်အေးမောင်တို့သည် နံနက် ၁၀ နာရီခွဲတွင် တပ်မတော်လေယာဉ် ဖြင့်မြစ်ကြီးနားမြို့ နန်ပေါင်လေဆိပ်သို့ရောက်ရှိကြရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက် ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ကချင်ပြည်နယ်အတွင်းရှိ ကချင်မျိုးနွယ်စုခြောက်မျိုး၊ ရှမ်းမျိုးနွယ်စုငါးမျိုးနှင့် ဗမာတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များကအကအလှများဖြင့် နွေးထွေးစွာကြိုဆိုနှုတ်ဆက်ကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးများသည် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်မည့်လေဆိပ်ဝင်းအတွင်းရှိ လေဆိပ်ပန်းဥယျာဉ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။


ရှေးဦးစွာ လေဆိပ်ပန်းဥယျာဉ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးလှမိုးနှင့် တိုင်းမှူးဗိုလ်ချုပ်ကိုကိုမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့က လေဆိပ်ပန်းဥယျာဉ်ဖွင့်ပွဲဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြ သည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ တိုင်းမှူး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက အခမ်းအနားသို့တက်ရောက်လာကြသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး လေဆိပ်ပန်းဥယျာဉ်ကို လှည့်လည်ကြည့်ရှုကြသည်။


(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အခမ်းအနားကို ကချင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ဇန်နဝါရီ ၉ ရက်တွင် မြစ်ကြီးနားမြို့၌ ရိုးရာမနောအကဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် ပြည်နယ်နေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲဖွင့်ပွဲကို ကျင်းပသွားမည် ဖြစ်ပြီး ဇန်နဝါရီ ၁၀ ရက် စိန်ရတုကချင်ပြည်နယ်နေ့တွင် သဝဏ်လွှာဖတ်ပွဲအခမ်းအနား၊ ရိုးရာမနောအကနှင့်အတူ ဌာနဆိုင်ရာပြခန်းများ၊ ဒေသထွက်ကုန်ပစ္စည်းပြခန်းများ၊ အားကစားပြိုင်ပွဲများ၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက် ခဲ့ကြသူများအား ဂုဏ်ထူးဆောင်ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းများချီးမြှင့်အပ်နှင်းပွဲ၊ ရေကူးပြေးလမ်း ၁၀ လမ်းပါ ရေကူးကန်ဖွင့်ပွဲတို့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)