MNP - ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း၊ မြစန္ဒီခန်းမတွင် ယနေ့နံနက်(၁၀)နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေး ဆရာဖြစ် သင်တန်းဖွင့်ပွဲကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြား ရာတွင် ကျိုက်လတ်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၉၈)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၆)ကျောင်း၊ စုစုပေါင်း (၂၀၄)ကျောင်းရှိသဖြင့် ကျောင်းသား၊ ကျောင်းသူများအား ငယ်ရွယ်စဥ်ကပင် ကျန်းမာရေးအတွက် အလေ့အကျင့်ကောင်းများ ရရှိစေရန် သင်ကြားပေးကြရမည် ဖြစ်ကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာစေရန် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် လက်ဆေးသည့် အကျင့်တို့ကို စွဲမြဲစွာ အသုံးပြုတတ်စေရန်၊ မိမိကျောင်း သာယာဖွံ့ဖြိုး တိုးတက်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးနှင့် ညီညွတ်စေရန်၊ အာဟာရဓာတ် မျှတစွာ စားသုံးတတ်စေရန်အတွက် ဆရာကြီး၊ ဆရာမကြီးများအနေဖြင့် အသိပညာအခြေပြု ကျန်းမာရေး၊ ပညာရေးဖွံ့ဖြိုးတိုးတက်အောင် ကြပ်မတ် ဆောင်ရွက်ပေး ကြစေလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီး ဒေါက်တာမင်းသိန်းက ကျောင်းကျန်းမာရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားရာတွင် ယခုသင်တန်းက သင်ကြားပေးလိုက်သည့် ကျန်းမာရေးနည်းလမ်းများကို အသုံးပြု၍ ကျောင်းသား၊ ကျောင်းသူများကို ဘဝတိုးတက်ရန်အတွက် ကျန်းမာရေး အခြေခံသည့် အမူအကျင့်များကို မှန်ကန်သည့် နည်းလမ်းများဖြင့် အလေ့အထဖြစ်စေရန် ကြိုးစားဆောင်ရွက် ကြရမည် ဖြစ်သောကြောင့် ဆရာ၊ ဆရာမများက လေ့ကျင့်သင်ကြား ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ကျိုက်လတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၉၈)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၆)ကျောင်း၊ စုစုပေါင်း (၂၀၄)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment