လားရှိုးမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မီနီမာရသွန်အပြေးပြိုင်ပွဲနှင့် စက်ဘီးစီးပြိုင်ပွဲ ကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မီနီမာရသွန်အပြေးပြိုင်ပွဲနှင့် စက်ဘီးစီးပြိုင်ပွဲ ကျင်းပမည်


MNP  -   ဇန်နဝါရီ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မီနီမာရသွန်အပြေးပြိုင်ပွဲနှင့် စက်ဘီးစီးပြိုင်ပွဲကို (၃-၁-၂၀၂၂)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် ခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတွင် (၂-၁-၂၀၂၃)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။


စက်ဘီးစီးပြိုင်ပွဲကို (၃-၁-၂၀၂၂)ရက်နေ့ နံနက်(၆:၃၀)နာရီအချိန်တွင်လည်းကောင်း၊ မီနီမာရသွန် အပြေးပြိုင်ပွဲကို (၃-၁-၂၀၂၂)ရက်နေ့ နံနက်(၇)နာရီအချိန်တွင်လည်းကောင်း၊ လားရှိုးမြို့ မြို့တော်ခန်းမရှေ့မှ တာလွှတ်မည်ဖြစ်ပြီး ပြည်ထောင်စုအားကစားကွင်း တောင်ဘက်ဝင်ပေါက်တွင် ပန်းဝင်မည်ဖြစ်သည်။


ထို့အပြင် (၄-၁-၂၀၂၃)ရက်နေ့တွင် လားရှိုးမြို့၊ ပြည်ထောင်စုအားကစားကွင်း၌ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ၊ မြန်မာ့ရိုးရာအားကစားနည်းများဖြင့် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး မည်သူမဆို ဝင်ရောက်ဆင်နွှဲနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။


စိုင်းအောင်ကျော်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)