မဇ္စျိမဂုဏ်ရည်ဆရာတော် ဒေါက်တာဘဒ္ဒန္တကောဝိဒ မထေရ်မြတ်၏ (၅၈)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာနှင့် မဇ္စျိမာလင်္ကာရသာမဏေကျော်အသင်း ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဇ္စျိမဂုဏ်ရည်ဆရာတော် ဒေါက်တာဘဒ္ဒန္တကောဝိဒ မထေရ်မြတ်၏ (၅၈)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာနှင့် မဇ္စျိမာလင်္ကာရသာမဏေကျော်အသင်း ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ


MNP  -  ဇန်နဝါရီ ၁၄

မဇ္စျိမဂုဏ်ရည် မဟာစည်သာသနာ့ရိပ်သာကြီးများ၏ ပဓာနမဟာနာယက၊ ဓမ္မကထိကဗဟုဇနဟိတဓရ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာ နာစရိယ၊ ပြည်တွင်း၊ ပြည်ပမဟာစည်နာယက၊ သာသနတက္ကသီလဓမ္မာစရိယ၊ B.A (Buddhism), M.A(Buddhist Studies, India), Ph.D (Sanskrit University India) မဇ္စျိမဂုဏ်ရည် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကောဝိဒမထေရ်မြတ်၏ (၅၈)နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာနှင့် စာအောင်သံဃာဘွဲ့တံဆိပ် ဆက်ကပ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရဲမွန်တပ်မြို့ မဇ္စျိမဂုဏ်ရည် မဟာစည်တောရ ရိပ်သာကြီးအတွင်းရှိ မဇ္စျိမဂုဏ်ရောင် မဟာဓမ္မဗိမာန်တော်ကြီး၌ ကျင်းပသည်။


တက်ရောက်ကြည်ညို


အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက်ပဓာန နာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တတိလော ကာဘိဝံသအမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အလှူရှင်များနှင့် ဧည့်ပရိသတ်များတက်ရောက် ကြည်ညိုကြသည်။


အခမ်းအနားတွင် ရွာမပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ တိလောကာ ဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။


ထို့နောက် မဇ္စျိမာလင်္ကာရ သာမဏေကျော်အသင်းကြီး၏ ဦးဆောင်ဆရာတော် မဇ္စျိမဂုဏ်ရည်ဆရာတော် ဒေါက်တာဘဒ္ဒန္တကောဝိဒက မဇ္စျိမာလင်္ကာရ သာမဏေကျော်ဘွဲ့ အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည်အရှင်မြတ်များကို ဂုဏ်ယူဝမ်းမြောက်ကြောင်း နှုတ်ခွန်းဆက်စကားမိန့်ကြားတော်မူသည်။


ယင်းနောက် ဇေတဝန်ဓမ္မာရုံ ဆရာတော် ဒေါက်တာအရှင်သောပါကက စာအောင်သံဃာတော်အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အလှူရှင်များက ၂၀၂၂ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ကျင်းပခဲ့သည့် မဇ္စျိမာလင်္ကာရသာမဏေကျော် စာမေးပွဲကြီး၌တတိယအဆင့်ကို အောင်မြင်တော်မူသည့် “မဇ္စျိမာ လင်္ကာရ သာမဏေကျော်ဘွဲ့ရ” သာသနာ့အာဇာနည် အရှင်မြတ်များနှင့် ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်သုံးဆင့်လုံးတွင် ဂုဏ်ထူးဖြင့်အောင်မြင်တော်မူခဲ့ကြသည့် သာသနာ့အာဇာနည်အရှင်မြတ် ကိုးပါးတို့အား ဘွဲ့တံဆိပ်တော်များဆက်ကပ်လှူဒါန်းကြသည်။


ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်


ထို့နောက် မဇ္စျိမာလင်္ကာရ သာမဏေကျော်စာမေးပွဲကျင်းပရေးအတွက် ပြည်ထောင်စုဝန်ကြီးက အလှူတော်ငွေကျပ်သိန်း ၅၀ ကို ပေးအပ်လှူဒါန်းရာ မဇ္စျိမာလင်္ကာရသာမဏေကျော်အသင်းဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါက်တာဒေါ်နီနီက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။


ယင်းနောက် မဇ္စျိမာလင်္ကာရသာမဏေကျော်စာမေးပွဲ ကျင်းပရေးအတွက် တစ်ကောင်ဘွား ကုမ္ပဏီလီမိတက် မိသားစုကငွေကျပ်သိန်း ၅၀၀၀၊ (USA)အောင်စိုးပိုင်ဆန်ပွဲရုံ ဘုရင့်နောင်က ငွေကျပ်သိန်း ၃၀၀၀၊ မြအဏ္ဏဝါပွဲရုံ ဘုရင့်နောင်က ငွေကျပ်သိန်း ၃၀၀၀၊ ရွှေနဒီရွှေရည်ကုမ္ပဏီ လီမိတက်က ငွေကျပ်သိန်း ၅၀ တို့ ကို လှူဒါန်းကြရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။


ထို့နောက် မဇ္စျိမာလင်္ကာရ သာမဏေကျော်အသင်း ဘွဲ့နှင်းသဘင်အခမ်းအနားကိုဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွာမပရိယတ္တိ စာသင်တိုက်ပဓာနနာယက ဆရာတော်ဘဒ္ဒန္တတိလောကာ ဘိဝံသ၊ မဇ္စျိမာလင်္ကာရ သာမဏေကျော်အသင်းကြီး၏ ဦးဆောင်ဆရာတော် မဇ္စျိမဂုဏ်ရည် ဆရာတော် ဒေါက်တာဘဒ္ဒန္တကောဝိဒနှင့် ဆရာတော်များက မဇ္စျိမာလင်္ကာရသာမဏေကျော် အသင်း စာအောင်ဆုရရှိကြသည့် သံဃာတော်များအား ဘွဲ့လက်မှတ်များပေးအပ်ချီးမြှင့်ကြသည်။


ဆက်ကပ်လှူဒါန်း


ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ တိလောကာဘိဝံသထံ ကြာသင်္ကန်း ဆက်ကပ်လှူဒါန်းကြသည်။


ထို့နောက် ကြွရောက် လာတော်မူကြသော ဆရာတော်ကြီးများက ဘဝတုသဗ္ဗမင်္ဂလံသုံးဂါထာ၊ သဗ္ဗီတိယောနှစ်ဂါထာဖြင့် ရွတ်ပွားချီးမြှောက်ပြီး မဇ္စျိမာလင်္ကာရ သာမဏေကျော်အသင်းကြီး၏ ဦးဆောင်ဆရာတော် မဇ္စျိမဂုဏ်ရည်ဆရာတော် ဒေါက်တာဘဒ္ဒန္တကောဝိဒထံမှ ရေစက်ချ အနုမောဒနာတရားနာကြားကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကာအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)