ခန္တီးမြို့တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခန္တီးမြို့တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပ



MNP  -   ဇန်နဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့ နံနက် (၉) နာရီ အချိန်က အခြေခံပညာအထက်တန်းကျောင်းရှိ ကျန်စစ်သားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ကျောင်းသူလေးများက ကြိုဆိုပါသည်စုံညီပွဲတော်သီချင်းဖြင့် အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပညာရေးမှူး ဦးဝင်းလွင်ဦးက စုံညီပွဲတော်ကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့ သည်။ ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/သူ များအား တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများမှ ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။


ထို့နောက် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူလေးများက ဧည့်ပရိတ်သတ်များအား အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ဦးဆွေ၊ အုပ်ချုပ်စီမံအဖွဲ့ဝင်များနှင့် ဌာန  ဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)