သာယာဝတီမြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းစုလမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာယာဝတီမြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းစုလမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ


MNP -  ဇန်နဝါရီ   ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းစုရပ်ကွက်၊ ကျောင်းစုလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။


ဖွင့်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်လွင်က ကွန်ကရစ်လမ်းသစ်နှင့် ပတ်သက်သည့်အချက်အလက်များအား ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ အထိမ်းအမှတ်အလံများ ပေးအပ်ခြင်းအခမ်းအနားပြုလုပ်ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစန်းဝင်း၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးတင်ကိုကိုနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌဦးမြင့်လွင်တို့က ကျောင်းစုလမ်းကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။


အဆိုပါ ကျောင်းစုလမ်းကွန်ကရစ်လမ်းသစ်၏ အရှည်မှာ ပေ ၂၁၇၅ ပေ၊ အကျယ် ၁၂ပေ ၊ ထု ၈ လက်မဖြစ်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေ(၁၀၁.၂)သန်း လုပ်ငန်းတင်ဒါစနစ်ဖြင့် ဆောင်ရွက်ခဲ့ပြီး အဆိုပါကျောင်းစုလမ်းကို မြို့ပေါ်နေပြည်သူများနှင့်ကျေးလက်နေပြည်သူများ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့်ကဏ္ဍများတွင် အသုံးပြုရာတွင် ပြည်သူများ သွားလာရအဆင်ပြေလွယ်ကူ‌ချောမွေ့စေမည်ဖြစ်ကြောင်း သိရသည်။


ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်ခိုင်နှင့်ဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


သန့်ဇော် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)