MNP - ဇန်နဝါရီ ၁၉
ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်များ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းမီးသတိမူရေး ကွင်းဆင်း စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီ က ပေါက်တောမြို့ပေါ်ရှိ အမှတ်(၁)ရပ်ကွက်တွင် နေအိမ်များ မီးဘေးလုံခြုံရေးအတွက် မီးသတိမူရေး စစ်ဆေးအကြံပေးကြသည်။
ထိုသို့ စစ်ဆေးအကြံပေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ကြပ်ကြီးခိုင်ကျော်ငြိမ်းနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့်မီးသတ်ဆေးဘူးစသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအားအသင့်ထားရှိရေး၊ နေအိမ်များတွင်လောင်စာဆီများသိုလှောင်ခြင်းမပြုရန်၊ အိမ်တွင်တပ်ဆင်ထားသောဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသောလျှပ်စစ် ပစ္စည်းများအားအသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျမီးငြိမ်းသတ်ကြရန် စသည့်တို့ကို စစ်ဆေးအကြံပေးကြသည်။
ထို့ပြင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကိုလည်းပြောကြား ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment