ဖား​ဆောင်းမြို့နယ်တွင် (၇၅)နှစ်​မြောက် စိန်ရတုလွတ်လပ်​ရေး​နေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖား​ဆောင်းမြို့နယ်တွင် (၇၅)နှစ်​မြောက် စိန်ရတုလွတ်လပ်​ရေး​နေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပ






MNP  -  ဇန်နဝါရီ ၅

ကယားပြည်နယ်၊​​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် အ​ခြေခံပညာဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် မြို့နယ်အတွင်းရှိအ​ခြေခံပညာ​ကျောင်း​ပေါင်းစုံမှ ​ထက်၊ လယ်၊ မူအဆင့် ကျောင်းသား၊​ ကျောင်းသူများအား ဉာဏစွမ်းရည်၊ ကာယစွမ်းရည်ပြည့်ဝ​စေရန်အတွက် ရည်ရွယ်၍ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာ​ရေးပြိုင်ပွဲ၊ အားကစားပြိုင်ပွဲနှင့်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ပြုလုပ်သည့်​ မူလတန်းဆင့်​ဆေး​ရောင်ခြယ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆု​ပေးပွဲအခမ်းအနားကို ယမန်​နေ့နံနက် (၉)နာရီအချိန်က အ​ခြေခံပညာအထက်တန်း​ကျောင်း ပညာရတနာခန်းမ​ဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အခမ်းအနားကို ခဲမ​ဖြူ(အထကခွဲ)မှ ​ကျောင်းသား၊​ ကျောင်းသူများက “မြန်မာ့​ကျောင်း” သီချင်းဖြင့်သီဆို၍ ဖွင့်လှစ်ခဲ့ပြီး စာစီစာကုံးပြိုင်ပွဲ၊ ကဗျာ​ရေးပြိုင်ပွဲ၊​ ဆေး​ရောင်ခြယ်ပြိုင်ပွဲနှင့်အားကစားပြိုင်ပွဲများတွင် ဆုရရှိသည့် ​ကျောင်းသား၊​ ကျောင်းသူများအား ဆုများကို မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာ​ရေးမှူး ဦးစိန်​ထွေးနှင့်တာဝန်ရှိသူများက ဆုများကို အသီးသီး​ပေးအပ်ချီးမြှင့်ခဲ့သည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူးဦးသက်မြင့်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး​ ကျော်ထင်၊ ဒုတိယမြို့နယ်ပညာ​ရေးမှူးနှင့်ဆရာ၊ ဆရာမများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှု​ရေးအသင်းအဖွဲ့များ၊​ ကျောင်းသား၊​ ကျောင်းသူများ တက်​ရောက်ခဲ့​ကြောင်းနှင့် (အထက)ဖား​ဆောင်း​ကျောင်းမှ ​ကျောင်းသား၊​ ကျောင်းသူများက “ဇာတိမာန်” သီချင်းသီဆို၍ အခမ်းအနားကို​ အောင်မြင်စွာ ပိတ်သိမ်းခဲ့​ကြောင်း သိရသည်။


​ဒေါ်နန်းသဲနု​အောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)