စေတုတ္တရာမြို့နယ်တွင် လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းအကြောင်း ရှင်းလင်းဆွေနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စေတုတ္တရာမြို့နယ်တွင် လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းအကြောင်း ရှင်းလင်းဆွေနွေးပွဲ ကျင်းပ


MNP  -   ဇန်နဝါရီ ၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ယမန်နေ့ညနေ ၁၅:၃၀အချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန. Community Centre ခန်းမ၌  လူဦးရေစာရင်းမှန်ကန်စေရေအတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းအကြောင်း ရှင်းလင်းဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါစာရင်းကောက်ယူရေးရှင်းလင်းဆွေးနွေပွဲတွင့် မြို့နယ်ဦးစီးအရာရှိ ဦးအောင်သန်းက စာရင်းကောက်ယူရေးအဖွဲ့ (၅၄)ဖွဲ့ရှိပါကြောင်း၊ တစ်ဖွဲ့လျှင် (၅)ယောက်၊ စာရင်းကောက်ယူရေးအဖွဲ့အင်အား (၂၇၀)ဦးရှိပါကြောင်းနှင့် မြေပြင်စာရင်းကောက်ယူရာတွင် ၆၆/၆လူဦးရေစာရင်း မရှိဘဲနေထိုင်သည့်သူများအားလုံး ပုံစံအလွတ်တွင် ထည့်သွင်း၍ ကောက်ယူသွားကြောင်း၊ မသန်စွမ်း(၅)မျိူးစာရင်းလည်း ကောက်ယူသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေနွေးခဲ့သည်။


အဆိုပါမြေပြင်ကွင်းဆင်းမူအား  ၉-၁-၂၀၂၃ရက်နေ့မှ ၃၁-၁-၂၀၂၃ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


တင်မိုးညွန့် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)