တနင်္သာရီတိုင်းဒေသကြီး တက္ကသိုလ်ဝင်စာ‌မေးပွဲအောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး တက္ကသိုလ်ဝင်စာ‌မေးပွဲအောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်





MNP  -  ဇန်နဝါရီ    ၁၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တိုင်းဒေသကြီး တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်မြှင့်မားရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးနှင့် မြိတ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ/မများ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ အခြေခံပညာ ကျောင်းအုပ်ကြီးများ၊ ဆရာ/မများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက မြိတ်တက္ကသိုလ် အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။


တက္ကသိုလ်ဝင်စာ‌မေးပွဲ အောင်ချက်မြှင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၀၂၃)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/သူများ အောင်ချက်မြှင့်မားရေး၊  တိုင်းဒေသကြီး၏ အောင်ချက်ရာခိုင်နှုန်း မြှင့်မားရေး၊ စာမေးပွဲအောင်မြင်သူ အရေအတွက်သာမက အရည်အသွေးရှိသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။


ရှေးဦးစွာ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက တက္ကသိုလ်ဝင်စာ‌မေးပွဲ ယခင်နှစ်ကထက် ပိုမိုအောင်ချက်မြင့်မားတိုးတက်မြှင့်မားလာစေရန်၊ စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/သူများကို အမှတ်ပေးစည်းမျဉ်း စည်းကမ်းများကို သိရှိနားလည်ဖြေဆိုနိုင်ကြစေရန်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးသည် ကျောင်းသား၊ ဆရာ၊ မိဘသုံးဦး သုံးဖလှယ်ပူးပေါင်းဆောင်ရွက်မှ အောင်မြင်နိုင်မည်ဖြစ်၍ ဆရာ၊ မိဘများမှ တွန်းအားပေးပြီး ကျောင်းသား/သူများ တစ်ဦးချင်းကြိုးစားကြစေရန် ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ကြစေလိုကြောင်းပြောကြား သည်။


ထို့နောက် မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက အောင်ချက်မြင့်မားရေးအတွက် ပို့ချမည့်ဘာသာရပ်များနှင့်ပတ် သက်၍ ရှင်းလင်းတင်ပြသည်။ ထိုနောက် သင်ကြားပို့ချ ပေးမည့် တက္ကသိုလ်မှ ဆရာ/မများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပြီး ဘာသာရပ်အလိုက် ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် မြိတ်ခရိုင်ပညာရေးမှူး ဒေါ်‌လှလှအေးက တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်မြှင့်မားရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး လူမှုရေးရာ ဝန်ကြီးက နိဂုံး ချုပ် အမှာစကားပြောကြားသည်။


၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား/သူများအနေဖြင့် မြိတ်ခရိုင်တွင် (၃၁၁၇)ဦး၊ ဘုတ်ပြင်းခရိုင်တွင်(၂၀၃)ဦးနှင့် ကော့သောင်းခရိုင်တွင် (၂၆၀)ဦးရှိပြီး အဆိုပါခရိုင်များတွင် စာစစ်ဌာန စုစုပေါင်း(၁၃)ခုဖြင့် စာမေးပွဲကျင်းပ သွားမည်ဖြစ်ကြောင်း မြိတ်ခရိုင် ပညာရေးမှူးရုံးမှသိရသည်။


ခိုင်ထူး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)