နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ပထမအကြိမ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ပထမအကြိမ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပ




MNP  -  ဇန်နဝါရီ  ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ဇန်နဝါရီလ (၁၃)ရက်နေ့မှ စတင်ကာ ထန်ပါခွေမြို့ ရိုးရာကွင်း၌ ပထမအကြိမ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် ကျင်းပပြုလုပ်လျက် ရှိကြောင်း သိရသည်။ 


ထိုသို့ကျင်းပရာတွင် ခမ်ညူငန် နာဂမျိုးနွယ်စု အမျိုးသား၊ အမျိုးသမီးများက ရိုးရာအကအလှများ၊ ရှေးနာဂဘိုးဘွားခေတ်၌ ပြုလုပ်ဝတ်ဆင်ခဲ့သော ယက်ကန်းရက်နည်းများ၊ ရပ်ရွာတွင်လူမှုရေးကိစ္စများ၊ ရပ်ရေးရွာရေးဆောင်ရွက်ရန် အစည်းအဝေးပြုလုပ်ကျင်းပပုံ၊ တောကောင်ရရှိလာပါက ရိုးရာဓလေ့ ထုံးစံအရ မည်သို့ခွဲဝေချက်ပြုတ်စားသောက်ပုံ၊ ခေတ်စနစ်တိုးတက်လာသည်နှင့်အညီ မိမိတို့ ရိုးရာ ယဉ်ကျေးမှု အမွှေအနှစ်များ ပျောက်ပျက်မသွားအောင် နာဂမျိုးဆက်သစ်လူငယ်များ ထိန်းသိမ်း ဆောင်ရွက်ကြရန် သရုပ်ပြသပြီးနောက် နာဂရိုးရာ မီးပုံပွဲတော်ဆင်နွှဲကာ နာဂရိုးရာ အကများဖြင့် ကပြဖျော်ဖြေလျက် ရှိကြောင်းသိရသည်။


အဆိုပါ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပရာသို့ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်လေ့လာခဲ့ပြီး ၎င်းပွဲတော်အား နှစ်ရက်တိတိ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။


အလန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)