နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်လှုံ့ဆော်သူများ၏ ဘာသာရေး ပစ်မှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်လှုံ့ဆော်သူများ၏ ဘာသာရေး ပစ်မှတ်



NLD ပါတီနှင့် ဆက်နွယ်သူများသည် မဲလိမ် မဲခိုးမှုများကြောင့် အာဏာလက်မဲ့ ဖြစ်ခဲ့ရသည့်အချိန်မှစ၍ သပိတ်စုံ သူပုန်ထခဲ့ကြသည်။ NLD ပါတီနှင့် ဆက်နွယ်သည့် ၈၈ ကျောင်းသားကြီးများ၊ NLD ကို လောက်ဘီလုပ်၍ ပြည်ပအထောက်အပံ့ရယူနေသည့် မီဒီယာအမည်ခံများ၊ အမည်မျိုးစုံစွာဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းများ က လမ်းပေါ်ထွက်၍ ဥပဒေမဲ့ ဆူပူဆန္ဒပြမှုမှစ၍ ဝန်ထမ်းများ CDM လုပ်ရန် လှုံ့ဆော်မှုများဖြင့် နွေရူးတော်လှန်ရေးကြီးကို စတင်ခဲ့ကြသည်။


နွေးရူးတော်လှန်ရေးဟူသည်မှာလည်း ၎င်းတို့၏ ကိုယ်ပိုင်အတွေးအခေါ်ဖြင့် စဉ်စားခဲ့ကြခြင်းမျိုး မဟုတ်ဘဲ အာရပ်နွေဦး တော်လှန်ရေးကို အမှီပြု၍ ပုံတူကူးချခြင်းပင် ဖြစ်သည်။ နွေရူးတော်လှန်ရေးဟု ခေါင်းစဉ်တပ်ပြီးနောက် NLD ပါတီဦးဆောင်သူများ လွှတ်တော်ကိုယ်စားလှယ်များက CRPH အကြမ်းဖက်လှုံ့ဆော်ရေးအဖွဲ့ကို စတင်ဖွဲ့စည်းပြီး ၈၈ အမည်ခံ ကျောင်းသားအိုကြီးများ၊ လူ့အခွင့်အရေးလှုပ်ရှားသူအမည်ခံ အောင်မျိုးမင်း၊ ဝန်ကြီးရူး ဇော်ဝေစိုး၊ ပြည်ပြေး ဆာဆာ တို့ ဦးဆောင်ပါဝင်သော NUG အကြမ်းဖက်အဖွဲ့ကြီးကို ဖွဲ့စည်းလိုက်ကြသည်။ CRPH, NUG အနေဖြင့် နွေရူးတော်လှန်ရေး ဖြစ်ပေါ်အောင် လှုံ့ဆော်ရန်ဖြစ်ပြီး ၎င်းတို့အား ထောက်ခံအားပေးသူများကို PDF ဟူသော အကြမ်းဖက်အဖွဲ့တစ်ရပ်ကို ထပ်မံ ဖွဲ့စည်းပေးခဲ့သည်။


CRPH, NUG အဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေးဟု ခေါင်းစဉ်တပ်ထားသော တိုင်းဖျက်ပြည်ဖျက်စီမံကိန်းတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ရန် မရည်ရွယ်ဘဲ ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်ရှောင်ပြီး မြန်မာနိုင်ငံအတွင်း ဆူပူအကြမ်းဖက်မှုများ ဖြစ်အောင် နည်းမျိုးစုံဖြင့် လှုံ့ဆော်ရန် ရည်ရွယ်ထားသည့်တိုင်း CRPH, NUG အဖွဲ့ဝင်များမှာ ပြည်ပသို့ အလျှင်စလို ထွက်ပြေးကြသည်။ CRPH, NUG အဖွဲ့ဝင်များက ငွေကြေးပေး၍ ခိုင်းစေထားသူများက လူငယ်များကို သိမ်းသွင်း၍ KNU, KIA တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံ ခေါ်ဆောင်သွားကြပြီး အကြမ်းဖက်သင်တန်း တက်စေသည်။ တစ်ပတ်၊ တစ်လ သေနတ်အဖြတ်အတတ်၊ မိုင်းထောင်ဖောက်ခွဲ သင်တန်းများ ပို့ချပေးပြီး ကိုယ့်ရပ် ကိုယ့်ဌာနေသို့ ပြန်၍ အကြမ်းဖက်လှုပ်ရှားမှုများကို လုပ်ဆောင်ရန် ခိုင်းစေခဲ့ကြသည်။


အသိဉာဏ်ဆင်ခြင်တုံတရား ကင်းမဲ့သော နီပိန်းအကြမ်းဖက်သမားက ပြည်ပြေး ဝရမ်းပြေးများ ၏ လမ်းညွှန်ချက်များအတိုင်း လိုက်ပါလုပ်ဆောင်ခဲ့ကြသည်။ အခြားသော ပါတီအဖွဲ့အစည်းဝင်များကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်ခြင်း၊ ဖောက်ခွဲတိုက်ခိုက်ခြင်းများ စတင်လုပ်ဆောင်ခဲ့ကြသည်။ ၎င်းတို့၏ အကြမ်းဖက်လှုပ်ရှားမှု မှတ်တမ်းများကို BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit, Myanmar Now, Ayeyarwaddy Times, မြေလတ်အသံ အစရှိသော ပြည်ဖျက်မီဒီယာများသို့ ပေးပို့စေ၍ ပြည်ဖျက်မီဒီယာများတွင် ဖော်ပြထားမှုအပေါ် ပြည်ပမှ ငွေကြေးအထောက်အပံ့များ ရရှိထားသည့် CRPH, NUG အဖွဲ့ဝင်များက လူတစ်ဦးသတ်လျှင် ၃သိန်း၊ ၅သိန်း မှစ၍ စာသင်ကျောင်းများကို ဖောက်ခွဲဖျက်ဆီးရန် ၅သိန်း၊ ၁၀သိန်း ပေး၍ ခိုင်းစေခဲ့ကြသည်။


နီပိန်း PDF အကြမ်းဖက်သမားလေးများမှာ ဖောက်ခွဲရေးပစ္စည်းအသုံးပြုရာတွင် မကျွမ်းကျင်မှုများကြောင့် ဖောက်ခွဲဖျက်ဆီးရန်၊ လုပ်ကြံသတ်ဖြတ်ရန် စီစဉ်ဆောင်ရွက်ရင်း ၎င်းတို့၏ လက်ထဲတွင် လက်ပစ်ဗုံးကွဲ၊ မိုင်းကွဲ သေဆုံးမှုများစွာ ရှိခဲ့သည်။ ထိုသို့သော ဖြစ်စဉ်ဖြစ်ရပ်များနှင့် ပတ်သက်၍ ပြည်ဖျက်မီဒီယာများက အကျယ်တဝင့် ဖော်ပြခြင်း မရှိခဲ့ပေ။ အကြောင်းမူကား ၎င်းတို့၏ လှုံ့ဆော်မှုကြောင့် ၎င်းတို့ကို အားပေးထောက်ခံသူများ သေဆုံးရသည့်အခြေအနေများကို အများပြည်သူ မသိစေချင်ကြပေ။ ထိုသို့ ပစ်မှတ်ကို ထိမှန်ခြင်းမရှိဘဲ သေဆုံးခဲ့ရသူများအား ငွေကြေးထောက်ပံ့ကူညီပေးလိုခြင်း မရှိသောကြောင့်ပင် ဖြစ်သည်။


အထူးအားဖြင့် PDF အကြမ်းဖက်သမားများအနေဖြင့် ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများတွင် ရက်စက်ယုတ်မာရိုင်းစိုင်းသော အကြမ်းဖက်လှုပ်ရှားမှုများ ပြုလုပ်ရန်စီစဉ်ခဲ့ကြသည်။ ရန်ကုန်မြို့တွင် အကြမ်းဖက်လှုပ်ရှားမှုကို အနီးကပ်ဦးဆောင်သူ NLD လွှတ်တော်အမတ်ဟောင်း ဇေယျာသော်(ခ) မောင်ကျော်နှင့် ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဂျင်မီ တို့ ဖမ်းဆီးခံရပြီး လက်နက်အမြောက်အများ သိမ်းဆည်းခြင်းခံခဲ့ရသည်။ အကြမ်းဖက်ခေါင်းဆောင် ဇေယျာသော် ၏ ဝန်ခံ ထွက်ဆိုချက်များအရ နစက အစိုးရက ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် အောက်စီဂျင်အိုးနှင့် ဆက်စပ်ပစ္စည်းများ လွတ်လပ်စွာ တင်သွင်းခွင့်ပြုထားသည့်အချိန်တွင် အောက်စီဂျင်အိုးများအတွင်း လက်နက်များကို တစ်စစီဖြုတ်ထည့်၍ တင်သွင်းခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ ထို့အတူ မန္တလေးမြို့ပေါ်တွင်လည်း PDF အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုများ ပြင်းထန်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များအား ဖမ်းဆီး၍ လည်လှီးသတ်ဖြတ်မှုအပါအဝင် မြို့တွင်း တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သည် အထိ ဖန်တီးလုပ်ဆောင်ခဲ့ကြသည်။


NLD လွှတ်တော်အမတ်ဟောင်း ဇေယျာသော်(ခ) မောင်ကျော်နှင့် ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဂျင်မီ တို့၏ ဦးဆောင်မှုဖြင့် ရန်ကုန်မြို့ပေါ်တွင် အပြစ်မဲ့ ပြည်သူပေါင်း ၉၀ကျော် သေဆုံးခဲ့ရသည်ဖြစ်ရာ အကြမ်းဖက်ခေါင်းဆောင် (၂)ဦးကို သေဒဏ်စီရင် အပြစ်ပေးခဲ့ရသည်။ ထိုသို့သော ပစ်ဒဏ်ပေးခံရသူများကို အကြောင်းပြု၍ ပြည်တွင်း/ ပြည်ပ အလှူငွေကောက်ခံမှုများ ထပ်မံလုပ်ဆောင်ပြီး အကြမ်းဖက်လှုပ်ရှားမှုအတွက် ငွေရှာကြသည်။ NLD အစွန်းရောက်များ၏ ပြည်ဖျက်စီမံကိန်းကို အားပေးထောက်ခံသူများကလည်း ငွေအလုံးအရင်း ထည့်ဝင်လှူဒါန်းခဲ့ကြသည်။ 


NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကို စစ်တမ်းကောက်ကြည့်သည့်အခါ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ၂၀၂၂ ကုန်အထိ နေ့စဉ် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ၅ဦးထက်နည်း သတ်ဖြတ်ခဲ့ကြသည်။ ကိုဗစ် တတိယလှိုင်းကာလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိဟူ၍ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး အထောက်အကူပြု ဆေးဝါးများ တင်သွင်းခွင့် ပြုခဲ့ခြင်းကို အခွင့်ကောင်းယူ၍ ပြည်သူအပေါ် ရက်စက်ယုတ်မာရန် ရည်ရွယ်ချက်ရှိသည့် NLD အစွန်းရောက်များက လူသတ်လက်နက်များ တင်သွင်းပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို သတ်ဖြတ်ခဲ့ကြသည်။ 


NLD အစွန်းရောက်များနှင့် ပူးပေါင်းဆောင်ရွက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တချို့ကလည်း တိုက်ပွဲများ ဖန်တီးလာခဲ့ကြသည်။ အမေရိကန် ဦးဆောင်သော အနောက်အုပ်စုမှ ကူညီပံ့ပိုးသည့် လက်နက်၊ ငွေကြေးကို မက်မောပြီး NLD အစွန်းရောက်တို့၏ ပြည်ဖျက်စီမံကိန်းတွင် ပါဝင်၍ ဂွင်ရှာခဲ့ကြခြင်းပင် ဖြစ်သည်။


သို့သော် NLD အစွန်းရောက်များနှင့် ပူးပေါင်းဆောင်ရွက်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖန်တီးသည့် တိုက်ပွဲများမှာ ၎င်းတို့မကျေနပ်သည့် တပ်မတော်အပေါ် သက်ရောက်မှုနည်းပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်သည့် အကြမ်းဖက်လှုပ်ရှားမှု ပုံရိပ်များကသာ ရုပ်လုံးကြွလာခဲ့သည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူပူးပေါင်းပါဝင်သော လုံခြုံရေးအစီအစဉ်ကို ဖော်ဆောင်လာခဲ့သည်။ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်သော ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်ဒေသများတွင် ပြည်သူ့စစ်ဖွဲ့စည်းနိုင်သော ကျေးရွာများမှာ NLD အစွန်းရောက်များဖွဲ့စည်းထားသည့် PDF အကြမ်းဖက်သမားများ လူပါးဝ၍ မရတော့ပေ။ 


NLD အစွန်းရောက် ပြည်ဖျက်မိစ္ဆာများနှင့် BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit, Myanmar Now, Ayeyarwaddy Times, မြေလတ်အသံ အစရှိသော ပြည်ဖျက်မီဒီယာများသို့ အမေရိကန် ဦးဆောင်သော အနောက်အုပ်စု (မုသားအင်ပါယာ)ကြီး က ဒေါ်လာမည်မျှ ကူညီပံ့ပိုးထားသည်ကို ခန့်မှန်ရန် ခက်ခဲလှ၏။ NLD ပါတီ အာဏာမရမီ ၂၀၁၃၊ ၂၀၁၄ မှ စ၍ NLD အစွန်းရောက် ပြည်ဖျက်မိစ္ဆာများနှင့် BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit, Myanmar Now, Ayeyarwaddy Times, မြေလတ်အသံ အစရှိသော ပြည်ဖျက်မီဒီယာများသည် အမျိုးသားရေးလှုပ်ရှားမှုကို နည်းမျိုးစုံဖြင့် ထိုးနှက်တိုက်ခိုက်လာကြသည်။ NLD ပါတီအနေဖြင့် အခြားသော နိုင်ငံရေးပါတီများကို အတိုက်အခံ မလုပ်တော့ဘဲ အမျိုးသားရေးလှုပ်ရှားမှုကိုသာ အစဉ်သဖြင့် ထိုးနှက်တိုက်ခိုက်သော အလုပ်ကို အာဏာမရမီကပင် ရွတ်ရွတ်ချွန်ချွန် လုပ်ဆောင်လာသည်ကို တွေ့မြင်ရသည်။ မဘသအဖွဲ့ကြီး၏ အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေး လှုပ်ရှားမှုကို ကန့်ကွက်သောလှုပ်ရှားမှုကို NLD ဦးဆောင်၍ လုပ်ဆောင်လာခဲ့သည်။ ထိုသို့ NLD ကို ဦးဆောင်ခိုင်းခြင်းမှာလည်း ၈၈ ကျောင်းသားအိုကြီးများအပါအဝင် အခြားသော အဖွဲ့အစည်းများမှာ ဖွဲ့စည်းထားသည်မှာ မှန်သော်လည်း ပြည်သူအများယုံကြည်ကိုးစားလောက်သူများ မဟုတ်ခြင်းကြောင့် NLD ၏ အရှိန်အဝါကို အသုံးချခဲ့ကြခြင်းပင် ဖြစ်သည်။


NLD ပါတီမှ ထင်လင်းဦး ဆိုလျှင် မြတ်စွာဘုရား ကိုနီ၊ မြအေးတို့နှင့် နှိုင်းယှဉ်ပြီး သာကီမျိုးဆိုသည်မှာ နှမလိုးမျိုး ဟု အရက်မူးပြီး ဟောပြောခဲ့ခြင်းကြောင့် ထောင်နန်းစံခဲ့ရသည်။ NLD ပါတီ အာဏာရလာသည့်အခါ ထင်လင်းဦးကို တစ်ယောက်တည်း သီးသန့်လွတ်ငြိမ်းချမ်းသာပေး၍ လွှတ်ပေးခဲ့သည်။ ထင်လင်းဦး ဆိုသူ လူရမ်းကားမှာ နစက အစိုးရလက်ထက်တွင်လည်း လွတ်ငြိမ်းဖြင့် ပြန်လွတ်လာခဲ့သည်။ NLD လောင်းရိပ်ခို၍ လုပ်စားနေကြသော နိုင်ငံရေးသမား ဦးသိန်းစိန် အစိုးရလက်ထက် အိုအိုင်စီ က မြန်မာနိုင်ငံတွင် ရုံးဖွင့်မည်ဆိုစဉ်က ၎င်းတို့၏ အမျိုးသားရေးဇာတိမာန်များကို ပြသ၍ အိုအိုင်စီ ရုံးစိုက်မည်ကို ကန့်ကွက်ခဲ့ကြဖူးပါသည်။ သို့သော် NLD ပါတီကိုယ်တိုင် အိုအိုင်စီသြဇာခံ ဖြစ်သွားသော အခါ လုပ်စားနိုင်ငံရေးသမားများ၏ အမျိုးသားရေး ဇာတိမာန်များလည်း ကြက်ပျောက်၊ ငှက်ပျောက် ပျောက်သွားလေတော့သည်။ ရပ်တည်ချက် မခိုင်မာ၊ ငွေနောက်လိုက်သော နိုင်ငံရေးနွားတို့၏ သဘောသရုပ်မှန်ကို မြင်တွေ့ခဲ့ခြင်း ဖြစ်ပါသည်။


NLD ပါတီအနေဖြင့် အာဏာရသည့် ကာလတလျှောက် တခြားသော နိုင်ငံရေးပါတီအဖွဲ့အစည်းများကို ဖိနှိပ်စော်ကားရုံမျှ အားမရဘဲ အမျိုးဘာသာ သာသာနာစောင့်ရှောက်ရေးအဖွဲ့ကြီးကို အစဉ်တစိုက် ပစ်မှတ်ထား ဖိနှိပ်စော်ကားသည့် လုပ်ရပ်များကိုသာ အစဉ်တစိုက် လုပ်ဆောင်ခဲ့သည်။ NLD အစိုးရလက်ထက်တွင် ထင်ပေါ်လာသော ဘာသာရေးစော်ကားသူများမှာ Myamar Now မှ ဆွေဝင်း နှင့် Khit Thit မှ သာလွန်းဇောင်ထက် ဆိုသူတို့ပင် ဖြစ်သည်။ NLD ဦးဆောင်သူများနှင့် မီဒီယာအမည်ခံ ဘာသာရေးစော်ကားသူများမှာ ငွေကြေးအကျိုးအမြတ်မရလျှင် ဘာမှ မလုပ်သည့် ကိုယ်ကျိုးရှာ တစ်ပို့တည်းသမားများဖြစ်သည်။ ၎င်းတို့အနေဖြင့် ဘာသာ သာသနာအပေါ် အကြောင်းမရှိ အကြောင်းရှာ နည်းမျိုးစုံစွာဖြင့် လုပ်ကြံဖန်တီး စော်ကားနေခြင်းမှာ အမေရိကန်ဦးဆောင်သော အနောက်အုပ်စု(မုသားအင်ပါယာ) နှင့် အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများထံမှ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ငန်းအတွက် ငွေကြေး အကျိုးအမြတ်များစွာ ရရှိနေခြင်းကြောင့်သာ ငရဲက လာသူ ပြာပူမကြောက် ဆိုသကဲ့သို့ ဘာသာ သာသနာကို စော်ကား၍ ငွေကြေးအကျိုးအမြတ် ရှာနေကြခြင်း ဖြစ်သည်။


ယခုအခါ နွေးရူးတော်လှန်ရေးလှုံ့ဆော်နေသူများသည် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးခေါင်းစဉ်များကို တွင်တွင် အော်နေရာမှ ဘာသာရေးဘက်ကို မြှားဦးလှည့်လာခဲ့ကြပြန်သည်။ ရက်သတ္တပတ်အတွင်း ပြည်ဖျက်မီဒီယာ စာမျက်နှာများတွင် သီတဂူဆရာတော်ကြီးကို ပစ်မှတ်ထားတိုက်ခိုက်သော လုပ်ရပ်များ လုပ်ဆောင်လာကြသည်။ လွတ်မြောက်နယ်မြေကို ရောက်ရှိနေကြသော ပြည်ပြေးများကလည်း ယုတ်မာရိုင်းစိုင်းစွာ စော်ကားပြောဆိုမှုများ ပြုလုပ်လာကြသည်။ အဆိုးဆုံးအနေဖြင့် သီတဂူဆရာတော်ကြီး ၏ တပည့်တစ်ဦးကို ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်လိုက်ကြသည်အထိ လုပ်ဆောင်ခဲ့ကြသည်။


Myanmar Now မှ လူရမ်းကား ဆွေဝင်း က သီတဂူကျဆုံးမှုသည် နွေရူးတော်လှန်ရေး၏ အောင်မြင်မှုတစ်ခု ဖြစ်သည် ဟူ၍ပင် ရေးသားခဲ့သည်။ Khit Thit မီဒီယာတွင်လည်း မဘသအဖွဲ့ကြီးနှင့် အမျိုးသားရေးလှုပ်ရှားကို လုပ်ကြံဖန်တီး တိုက်ခိုက်မှုများ လုပ်ဆောင်လာသည်ကို တွေ့မြင်လာရသည်။ NLD အစွန်းရောက် ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာများ အာဏာရယူလိုခြင်းသည် မြန်မာပြည်၏ ယဉ်ကျေးမှုအစဉ်အလာများကို ဖျက်ဆီးရန်နှင့် ဗုဒ္ဓသာသနာထွန်းကား ပြန့်ပွားနေမှုကို အနောက်အုပ်စု အလိုကျ ဖျက်ဆီးရန် ဖြစ်သည်။ NLD လောင်းရိပ်ကို ခို၍ လုပ်စားနေကြသော ပြည်ဖျက်မီဒီယာများသည်လည်း အမေရိကန် ဦးဆောင်သော အနောက်အုပ်စု(မုသားအင်ပါယာ) နှင့် အိုအိုင်စီ မှ ပေးကမ်းထောက်ပံ့သမျှဖြင့် ကြီးပွားချမ်းသာ လာကြသည်ဖြစ်ရာ ဘာသာ သာသနာကို စော်ကားဖို့လည်း ဝန်မလေး၊ တိုင်းပြည် ပျက်စီးရာ ပျက်စီးကြောင်း ဖန်တီးရမှာလည်း ဝန်းမလေးသည့် ပြည်ဖျက်မိစ္ဆာများ ဖြစ်လာကြသည်။


ဤသည်ကား ပြည်ဖျက်မိစ္ဆာများ၏ သဘောသရုပ်မှန်ကို အကျဉ်းမျှ ပြဆိုခြင်းသာ ဖြစ်ပါသည်။ ယနေ့ တိုင်းပြည်တွင် ဆူ၍ ပူနေသည်။ NLD အစွန်းရောက်တွေ ပြည်ဖျက်မီဒီယာတွေ ဟာ လွတ်မြောက်နယ်မြေ ကနေ ပြည်ဖျက်စီမံကိန်းကြီးကို ပူးပေါင်းဖော်ဆောင်နေကြတာဖြစ်တဲ့အတွက်ကြောင့် ထိပ်တိုက်တွေ့ဆုံပြီး ဖြေရှင်းဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ သူတို့တွေဟာ ကြိုးစင်ဆယ်ကာပြန်တက်ရမယ့် ပြစ်မှုတွေ ကျူးလွန်ထားပြီးဖြစ်တဲ့အတွက်ကြောင့်လည်း မြန်မာ့မြေကို ပြန်ပြီး ခြေဦးလှည့်ခွင့်ရဖို့ မဖြစ်နိုင်တော့ပါဘူး။


ပြည်ဖျက်မိစ္ဆာတွေ တိုင်းပြည်ကို ချစ်တာက မြန်မာ့ယဉ်ကျေးမှုနဲ့ ဘာသာ သာသနာကို ဖျက်ဆီးဖို့ပါ။ အမျိုးသားရေးလှုပ်ရှားသူတွေ တိုင်းပြည်ကို ချစ်တာက မြန်မာ့ယဉ်ကျေးမှုကို မဖျက်ဆီးဘူး။ ဘာသာ သာသနာကို ထိပါးစော်ကားတာမျိုး မရှိဘူး။ ပြည်ဖျက်မိစ္ဆာတွေကလည်း လွတ်မြောက်နယ်မြေကို ခွေးပြေး ဝက်ပြေး ထွက်ပြေးတိမ်းရှောင်သွားကြပြီ ဆိုတော့ကာ သစ္စာစကားမှအပ ပြောရန် မရှိပါဘူး။


တိုင်းတပါးက ကူညီထောက်ပံ့မှုများကို ရယူ၍ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်၊ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်သော အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေသူများသည် ကျွန်ုပ်ဖြစ်ပါမူ ကျွန်ုပ်သည် ကုန်းသွား ကုန်းဘေး၊ ရေသွား ရေးဘေး၊ လေသွား လေဘေး၊ ဆွေစဉ်မျိုးဆက် စွန့်အ နားမကြား ဒုက္ခိတများ ဖြစ်ပါစေ။ ထို့အတူ တိုင်းတပါးက ကူညီထောက်ပံ့မှုများကို ရယူ၍ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်၊ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်သော အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေသူများသည် NLD အစွန်းရောက်များ၊ ၈၈ လုပ်စားများ၊ လူ့အခွင့်အရေးအရည်ခြုံများ၊ ပြည်ဖျက်မီဒီယာများ ဖြစ်ပါမူလည်း ၎င်းတို့သည် ကုန်းသွား ကုန်းဘေး၊ ရေသွား ရေးဘေး၊ လေသွား လေဘေး၊ ဆွေစဉ်မျိုးဆက် စွန့်အ နားမကြား ဒုက္ခိတများ ဖြစ်ပါစေ။


တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် စစ်မှန်သော စေတနာဖြင့် ဆောင်ရွက်နေကြသူများသည် ကောင်းကျိုးလိုရာဆန္ဒ အဝဝ ပြည့်စုံကြပါစေ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)