မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ


MNP - ဇန်နဝါရီ ၅

မြို့နယ်အခွန် ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှု သင်တန်း၊ အမှတ်စဉ် (၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီး ဌာန၌ ကျင်းပသည်။


သင်တန်းဆင်းပွဲအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ကြသည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းအခွန်များ ဦးစီးဌာနသည် နိုင်ငံတော်မှ ကောက်ခံရရှိသော အခွန်အကောက်စုစုပေါင်း၏ ၈၀ ရာခိုင် နှုန်းကျော်ကို နှစ်စဉ်ကောက်ခံပေးလျက်ရှိကြောင်း၊ မြို့နယ်အခွန် ဦးစီးဌာနမှူးများအနေဖြင့် သင်တန်းမှ ဆည်းပူးရရှိလာသည်များကို လက်တွေ့ဆောင်ရွက်မှုများဖြင့် ပေါင်းစပ်ပြီး အခွန်ထမ်း ပြည်သူများကို စိတ်ရင်းစေတနာမှန်ဖြင့် အဂတိတရားကင်းရှင်းစွာ ဝန်ဆောင်မှုပေးကြရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် ရသင့်ရထိုက် သောအခွန်ငွေများ အပြည့်အဝ ရရှိရေး ဆောင်ရွက်ကြရာတွင် အခွန်ထမ်းပြည်သူများက အခွန် ဥပဒေများအရ ပေးဆောင်သင့် သည့်အခွန်ငွေများကို တာဝန်သိစွာ ပေးဆောင်လာစေမည့် အခွန် ယဉ်ကျေးမှု ထွန်းကားလာစေရန် အသိပညာပေးစည်းရုံး ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။


နိုင်ငံတော်အတွက် ရသင့် ရထိုက်သည့် အခွန်ငွေများ လျော့နည်းလွတ်ကင်းမှု မရှိဘဲ ဥပဒေနှင့်အညီ အပြည့်အဝ ကောက်ခံရရှိနိုင်ရေးကို ထိရောက်စွာ ကြိုးပမ်းဆောင်ရွက်သွားကြ ရန်ဖြစ်ကြောင်း၊ ရှင်းလင်းလွယ်ကူသော အခွန်စနစ်များကျင့်သုံး ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်း အခွန်များဦးစီးဌာနကို ပွင့်လင်း မြင်သာမှုရှိသည့် ခေတ်မီသော အခွန်ဌာနတစ်ခု ဖြစ်လာစေရန် ဦးတည် အကောင်အထည်ဖော် နေသဖြင့် ယင်းလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် သင်တန်း သား/သင်တန်းသူများ အပါအဝင် အခွန်ဝန်ထမ်းများ အားလုံးကတက်ညီလက်ညီ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ပြည်သူများအတွက် ဝန်ဆောင်မှုပေးသည့် ပြည်သူ့ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးစားကြခြင်းဖြင့် ပြည်တွင်း အခွန်များဦးစီးဌာန၏ ဂုဏ်ကို ဆောင်နိုင်သည့် ဝန်ထမ်းကောင်း များဖြစ်အောင် ကြိုးပမ်းကြစေလိုကြောင်း မှာကြားသည်။


ယခု ဖွင့်လှစ်သောသင်တန်းတွင် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများကို ကောက်ခံရာ၌ သတ်မှတ်ပြဋ္ဌာန်း ထားသည့် အခွန်ဆိုင်ရာ စီမံ အုပ်ချုပ်မှုဥပဒေ၊ ဝင်ငွေခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ၊ အထူးကုန်စည်ခွန်ဥပဒေ၊ တံဆိပ်ခေါင်းခွန်ဥပဒေဆိုင်ရာကိစ္စ၊ ဆက်စပ်သည့်ဥပဒေပြဋ္ဌာန်းချက်များ၊ အောင်ဘာလေ သိန်းဆုခွန်နှင့်စပ်လျဉ်းသည့် ညွှန်ကြားလွှာများ၊ အခွန်ကောက်ခံမှုနှင့် စပ်လျဉ်း သည့် စီမံရေးရာ၊ ငွေစာရင်းနှင့် အခွန်စာရင်းစစ် ဆေးခြင်းဆိုင်ရာ ကိစ္စ၊ အခွန်မူဝါဒနှင့် သုတေသန ဆိုင်ရာကိစ္စ၊ အခွန်ကောက်ခံမှုဆိုင်ရာသတင်း အချက်အလက် ရှာဖွေစုဆောင်းခြင်းနှင့် နည်း ပညာအသုံးပြု အခွန်ကောက်ခံသည့်စနစ်များကို ပို့ချပေးခဲ့သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူ သင်တန်းသူများကို ဆုများချီးမြှင့်ခဲ့ပြီး သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်သည်။


သင်တန်းကို ရက်သတ္တရှစ်ပတ်ကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းသို့ ပြည်တွင်းအခွန်များဦးစီးဌာနမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၇၉ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)