ဝမ်းတွင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝမ်းတွင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများ ကျင်းပ


MNP -  ဇန်နဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင်  ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိရာ ယမန်နေ့ နံနက်(၉)နာရီက မြို့နယ်အားကစားရုံအတွင်း ပိုက်ကျော်ခြင်းခတ် ယှဉ်ပြိုင်နေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးရဲမြင့်သိန်း ၊အဖွဲ့ဝင်-၁ ဗိုလ်မှူးသက်နိုင်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ ပြိုင်ပွဲဝင်အသင်း(၁၅)သင်းမှ အားကစားသမားများ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ၊ အားကစား စိတ်ပါဝင်စားသည့် ပြည်သူများက ပွဲစဉ်(၁၃) အနိုင်ရအသင်းနှင့် ပွဲစဉ်(၁၄) အနိုင်ရအသင်းတို့ ယှဉ်ပြိုင်ကစားနေခြင်းကို ကြည့်ရှု့အားပေးခဲ့ကြသည်။


ဝမ်းတွင်းမြို့နယ်အနေဖြင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစား ပြိုင်ပွဲများဖြစ်သည့် မြို့နယ်အားကစားခန်းမတွင် ဘော်လီဘော(ကျား/မ)ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း (ကျား/မ) ပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက် (ကျား/မ)ပြိုင်ပွဲ၊ အ.ထ.က ခွဲဝမ်းတွင်း(၁)တွင် လွန်ဆွဲ(ကျား/မ) ပြိုင်ပွဲ၊ သဲတော-ဝမ်းတွင်း အ.ထ.ကတွင် မီတာ-၁၀၀ အပြေးပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အိတ်စွပ်ပြေး(ကျား/မ) ပြိုင်ပွဲ ကျင်းပလျက် ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)