ကျိုက်ထိုမြို့နယ်တွင် မြို့နယ်အဆင့် ပညာ ရေးစုံညီပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် မြို့နယ်အဆင့် ပညာ ရေးစုံညီပွဲတော်ကျင်းပ






MNP  -   ဇန်နဝါရီ  ၁၉

   မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌(၂၀၂၂- ၂၀၂၃) ပညာသင်နှစ်၊ မြို့နယ် အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ဇန်န ဝါရီ ၁၉ ရက် နံနက် ၉နာရီခွဲတွင် ကျိုက်ထို မြို့နယ် အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။


     ရှေးဦးစွာအခြေခံပညာအထက်တန်း ကျောင်း(ရွှေဥဩ)မှ ကျောင်းသား၊ကျောင်း သူများ က ကြိုဆိုပါသည် စုံညီပွဲတော် သီချင်းဖြင့် သီ‌ဆို‌ဖျော်ဖြေ၍အခမ်းအနားကိုဖွင့်လှစ်ပေးပြီး ကျိုက်ထိုခရိုင်ပညာရေးမှူး ဦးခိုင်ထွန်း က ကျိုက်ထိုမြို့နယ်အတွင်း ရှိ ကျောင်းသား၊ကျောင်းသူများ ပညာရေး တွင်ထူးချွန်ကြသလို စာပေဆောင်းပါး၊ပန်းချီ၊ဂီတ၊အက၊ အတီးနှင့်အတူ အား က စားတွင်လည်းထူးချွန်ကြသည်ကိုတွေ့မြင်ရ၍  မြို့နယ်အတွက် ဂုဏ်ယူပါကြောင်း ပြောကြားခဲ့သည်။


      ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ပြည်ထွန်း က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှကျောင်းသား၊ကျောင်းသူများ၏ကျန်းမာရေး နှင့် အတူပညာရေးကဏ္ဍတိုးတက်အောင်ဆောင်ရွက်ပေးလျှက်ရှိကြောင်းပြောကြား၍မြို့နယ်ပညာ ရေးမှူး ဦးမောင်ညို က ပညာရေးစုံညီပွဲတော် ကျင်းပပေးရသည့်ရည်ရွယ် ချက်နှင့်  ပညာရေးကဏ္ဍဆောင်ရွက်နေမှုတို့ကို ရှင်းလင်း ပြောကြားခဲ့သည်။


    ယင်းနောက် အခြေခံပညာအထက်တန်း ကျောင်း(ရွှေဥဩ)မှ(အက)တွင်ပြည်နယ်အဆင့်ရွှေတံဆိပ်ဆုရ မအေးကြူစံ က (အက)ဖြင့်ကပြဖျော်ဖြေပြီး အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက လောက အားမာန် သီချင်းဖြင့် ကပြဖျော်ဖြေခဲ့သည်။


      ဆက်လက်၍  ခရိုင်ပညာရေးမှူး ဦးခိုင်ထွန်း၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ပြည်ထွန်း၊မြို့နယ်ပညာရေးမှူး ဦးမောင်ညို နှင့် တာဝန်ရှိသူများက မြန်မာတနိုင်ငံလုံးနှင့် ပြည်နယ်အဆင့်၊မြို့နယ်အဆင့် ပြိုင်ပွဲများတွင်ဆုရရှိခဲ့သည့်ကျောင်းသား၊ကျောင်းသူ(၁၉၆)ဦးအား

ဘက်စုံထူးချွန်ဆု၊ အင်္ဂလိပ်စာနှင့် သင်္ချာ စွမ်းရည်ဆု၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲထူးချွန်ဆု ၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ပန်းချီ နှင့် အားကစားပြိုင်ပွဲများတွင်ထူးချွန်ဆု ရရှိခဲ့သည့်ကျောင်း သား၊ကျောင်းသူများအားကဏ္ဍအလိုက်  ဂုဏ်ပြုဆုများကိုအသီးသီးပေးအပ်ချီးမြှင့်ပြီးကျောင်းသား‌၊ကျောင်းသူလေးများက ဘက်စုံပညာကိုရည်တို့လှမ်းချီသီချင်းဖြင့်သီဆိုဖျော်ဖြေ၍

အခမ်းအနားကိုရုတ်သိမ်းခဲ့ ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)