အင်တောမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်တောမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကျင်းပ




MNP  -   ဇန်နဝါရီ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ယနေ့နံနက် ၉ နာရီက အားကစား ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါအားကစားပြိုင်ပွဲကို  ဇန်နဝါရီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပရာတွင် မြို့ပေါ်ရှိအခြေခံပညာကျောင်းမှမူလတန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ အားကစားဝါသနာရှင်များ အပြေးပြိုင်ပွဲ၊ ပြေးခုံပစ်၊ အာလူးကောက်၊ ပူဖောင်းဖောက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲနှင့်အခြားအားကစားနည်းပြိုင်ပွဲများကို အတန်းလိုက်ပျော်ရွှင်စွာ ယှဉ်ပြိုင်ကစားကြပြီး  ဆုရရှိသည့် ကျောင်းသားကျောင်းသူများအား လွတ်လပ်ရေးနေ့တွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


ကျောင်းသား/ကျောင်းသူများအနေဖြင့် လွတ်လပ်ရေးနေ့ကို မမေ့အပ်စေရန်နှင့် ကျောင်းတွင်း စာပေသင်ကြားရေးသာမက ကာယဉာဏစာရိတ္တ၊ ရသစသည့် ဘက်စုံဖွံ့ဖြိုး တိုးတက်သော အနာဂတ်မျိုးဆက်သစ်များ မွေးထုတ်ပေးရာဖြစ်သည့် အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ အားကစားပြိုင်ပွဲများကို အားကစားစိတ်ဓာတ်အပြည့်ဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်တတ်သည့် အကျိုးကျေးဇူးများ ရရှိစေရန်ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။


အားကစားပြိုင်ပွဲများအား အင်တောမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းသူနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာဆရာမများ လာရောက်အားပေး ကြည့်ရှုခဲ့ ကြောင်း သိရသည်။  


အောင်ခိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)