မအီချောင်း ဗုဒ္ဓစက်တော်ရာပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေစေရေး မြို့ပေါ်လူငယ်များ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီချောင်း ဗုဒ္ဓစက်တော်ရာပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေစေရေး မြို့ပေါ်လူငယ်များ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်






MNP  -   ဇန်နဝါရီ    ၂၇

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့နှင့် တောင်ပေါ်ခရီး (၁၇)မိုင်ကွာဝေးသည့် မအီချောင်းဖျားရှိ ဗုဒ္ဓစက်တော်ရာ(၂)ဆူပတ်ဝန်းကျင် သန့်ရှင်းသာယာ သပ်ရပ်နေစေရေးအတွက် စံတွေးကျောင်းဆရာတော် အရှင်အာစာရဦးဆောင်၍ မြို့ပေါ်လူငယ်များနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယမန်နေ့က သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


" ဗုဒ္ဓစက်တော်ရာ သန့်ရှင်းရေးလုပ်ငန်းများကို မအီမြို့ပေါ်လူငယ်များနှင့် စုပေါင်း၍ တစ်လလျှင် (၃)ကြိမ်လောက် ကုသိုလ်ပြုဆောင်ရွက်ဖြစ်ကြောင်း၊ We Love Maei လူငယ်များအဖွဲ့ကလည်း အခါအားလျော်စွာ စုပေါင်းသန့်ရှင်းရေး လာရောက်လုပ်ကိုင်ကြပါကြောင်း၊ ဗုဒ္ဓစက်တော်ရာ သန့်ရှင်းရေးလုပ်ငန်းများကို ဦးပဉ္စင်းကပဲ တာဝန်ယူပြီး ကုသိုလ်ပြုဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ " ဟု စံတွေးကျောင်းဆရာတော် အရှင်အာစာရက ပြောကြားသည်။ " တစ်လလျှင် (၃)ကြိမ်လုပ်နေရတာကို (၂)ကြိမ်ဖြစ်လာအောင် (အမှိုက်များလျော့နည်းလာအောင်) ဈေးဆိုင်ရောင်းချသူများ၊ ဘုရားဖူးများအနေဖြင့် စည်းကမ်းရှိနေဖို့ လိုတာပေါ့။ စည်းကမ်းရှိနေဖို့ ဆိုတာက အမှိုက်တွေကို သတ်မှတ်နေရာမှာ စွန့်ပစ်ရပါမယ် ပြောတာပါ။ တစ်ချို့က ဒီနေရာမှာ ပလပ်စတစ်အိတ်လေးတစ်အိတ် စွန့်ပစ်ခဲ့လို့ ဘာမှမဖြစ်လောက်ဘူး၊ အသေးအမွှားလို့ ထင်တတ်ကြတယ်။ သူတို့တွေက အသေးအမွှားအပြစ်လုပ်မိခြင်းကို အပြစ်လို့မမြင်ကြဘူး။ အသေးအမွှားအပြစ်တွေ များလာတဲ့အခါ နောင်အခါမှာ အန္တရာယ်ရှိလာနိုင်တာကိုလည်း တစ်ချိုတွေက မယုံကြည်ကြ မသိတတ်ကြပါဘူး။ " ဟု အရှင်အာစာရက ထပ်မံပြောကြားသည်။


အဆိုပါ သန့်ရှင်းရေးလူငယ်အဖွဲ့သည် အောက်စက်တော်ရာ(လက်ယာပါဒ)နှင့် အထက်စက်တော်ရာ(လက်ဝဲပါဒ) ပရဝုဏ်အဝိုင်းအဝန်းအတွင်း ပလပ်စတစ်များ၊ သစ်ကိုင်းသစ်ရွက်ခြောက်များကို စုပေါင်းသန့်ရှင်းရေးများ ကုသိုလ်ပြုဆောင်ရွက်ခဲ့ကြပြီး ဖော်ပြပါ မအီချောင်းဗုဒ္ဓစက်တော်ရာပွဲတော်ကို နှစ်စဉ် တပေါင်းလပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြောင်း သိရသည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)