MNP - ဇန်နဝါရီ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး၊ ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုများ လျှော့ချနိုင်ရေးနှင့် တရားမဝင်ဓာတ်အား သုံးစွဲမှုများမရှိစေရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီမှ စတင်ကာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ ဓာတ်အားလိုင်းနှင့် မလွတ်သော သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းခြင်းနှင့် မီတာစစ်ဆေးခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစည်သူစိုးနှင့် ဝန်ထမ်းများက လျှပ်စစ်ဓာတ် အားပျောက်ဆုံးမှုများ လျှော့ချနိုင်ရေးအတွက် ၁၁ ကေဗွီ ပင်ဖြစ်ဖီဒါအတွင်းရှိ ဓာတ်အားလိုင်းနှင့်မလွတ်သော သစ်ကိုင်းသစ်ခတ်များကို ခုတ်ထွင်ရှင်းလင်းခြင်းနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှု မရှိစေရေးအတွက် ရပ်ကွက်နှင့်ကျေးရွာများတွင် တပ်ဆင် အသုံးပြုလျက်ရှိသော မီတာများ၊ ရပ်/ပျက်/နှေးဖြစ်ပေါ်မှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည်။ ယင်းသို့ဆောင်ရွက်မှုများကို လစဉ် သတ်မှတ်ရက်များအလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment