ပရီးမီးယားလိပ်ပွဲစဉ် ၂၀ စနေနေ့ ည ပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပရီးမီးယားလိပ်ပွဲစဉ် ၂၀ စနေနေ့ ည ပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက်



MNP - ဒီဇင်ဘာ ၃၀


ပရီးမီးယားလိပ်ပွဲစဉ်ပွဲစဉ် ၂၀ အဖြစ် စနေနေ့(ယနေ့) မြန်မာစံတော်ချိန် ည  ၇:၀၀ အချိန်မှာ စတင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ယနေ့ညမှာတော့ ပရီးမီးယားလိပ်ပွဲစဉ် ၅ ပွဲယှဉ်ပြိုင်ကစားဖို့ ရှိနေတာဖြစ်ပြီး အစောဆုံးပွဲစဉ်အဖြစ် မန်ချက်စတာဒါဘီအဖြစ် မန်ယူအသင်းနှင့် မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာပါ။


မန်ယူ - မန်စီးတီး (ယနေ့ည ၇:၀၀)

မန်ချက်စတာယူနိုက်တက်အသင်းနှင့် မန်ချက်စတာစီးတီးအသင်းတို့ဟာ ယူနိုက်တက်အိမ်ကွင်း အိုးထရက်ဖိုစ် မှာယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။မန်စီးတီးအသင်း အနိုင်ရဖို့ မဖြစ်မနေ ကြိုးစားသွား ဖြစ်ပြီး သရဲနီတို့ ထင်သလောက် မလွယ်ကူတာကြောင့် ဧည့်သည် မန်စီးတီးအသင်းကဘဲ ဂိုးကွာချက် နည်းနည်းဖြင့် အနိုင်ရသွားပါလိမ့်မည်။


ဘရိုက်တန် - လီဗာပူးလ် (ယနေ့ည ၉:၃၀)

ဘရိုက်တန်အသင်းနှင့် လီဗာပူးလ်အသင်းတို့ဟာ ဘရိုက်တန်အသင်းအိမ်ကွင်းမှာယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဘရိုက်တန်အသင်းဟာ အသင်းကောင်းတစ်သင်းဖြစ်ပေမယ့် လက်ရှိမှာ လီဗာပူးလ်အသင်းက ရာသီကုန် အဆင့် ၄ အတွင်း ဝင်ရောက်နိုင်ဖို့ အပြင်းအထန်ကြိုးစားကြမှာ ဖြစ်ပါတယ်။ဒီနေ့ပွဲစဉ်မှာတော့ ဧည့်သည် လီဗာပူးလ်အသင်း ဂိုးကွာချက် နည်းနည်းဖြင့် အနိုင်ရသွားပါလိမ့်မည်။


အဲဗာတန် - ဆောက်သမ်တန် (ယနေ့ည ၉:၃၀)

အဲဗာတန် အသင်းနှင့် ဆောက်သမ်တန်အသင်းတို့ဟာ အဲဗာတန်အိမ်ကွင်း ဂွတ်ဒီဆင်ပေါ့တ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။နှစ်စလုံးဟာ လက်ရှိရာသီမှာ ရုန်းကန်နေကြရတာ ဖြစ်ပြီး တန်ဆင်းဇုံအတွင်းကျရောက်နေတာပါ။ဒီတစ်ကြိမ်တွေ့ဆုံမှုမှာတော့ အိမ်ရှင်အဲဗာတန်အသင်းကဘဲ အနိုင်ရသွားမည်။


နော်တင်ဟမ် ဖောရက်စ် - လက်စတာ စီတီး (ယနေ့ည ၉:၃၀)

နော်တင်ဟမ်ဖောရက်စ်အသင်းနင့် လက်စတာစီးတီး အသင်းတို့ဟာ နော်တင်ဟမ်ဖောရက်စ်အိမ်ကွင်း စီးတီးဂရောင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဖောရက်စ်အသင်းဟာ လက်ရှိမှာ သိသိသာသာ ကောင်းမွန်လာတာ မှန်ပေမယ် လက်စတာအသင်းကလည်း လွယ်ကူတဲ့ပြိုင်ဘက်မဟုတ်တာကြောင့် နှစ်ဖက်သွင်းဂိုးများနိုင်ပြီး လက်စတာ အနိုင်ရသွားနိုင်ပါတယ်။


ဝုဗ် - ဝက်စ်ဟမ်း (ယနေ့ည ၉:၃၀)

ဝူဗာဟမ်တန်အသင်းနှင့် ဝက်စ်ဟမ်းယူနိုက်တက်အသင်းတို့ဟာ ဝုဗ်အိမ်ကွင်း မော်လင်နူးလ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။နှစ်စလုံးဟာ အသင်းကောင်းတွေ ဖြစ်ပေမဲ့ လက်ရှိရာသီမှာတော့ ရုန်းကန်နေကြရတာပါ။ဒီတစ်ကြိမ်မှာတော့ ဂိုးနည်း သရေရလဒ်သာထွက်ပေါ်နိုင်ကြောင်း ခန့်မှန်းလိုက်ရပါတယ်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)