ကျောက်ဆည်မြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ (၁၇၄၁)ဦး ကိုဗစ်-၁၉ရောဂါထပ်ဆောင်းကွယ်ဆေးထိုးနှံပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ (၁၇၄၁)ဦး ကိုဗစ်-၁၉ရောဂါထပ်ဆောင်းကွယ်ဆေးထိုးနှံပြီးဖြစ်


MNP  -  ဇန်နဝါရီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် မြို့နယ်ကိုဗစ်၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၈)နာရီအချိန်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ (၁၇၄၁)ဦး ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံပေးပြီးဖြစ်ကြောင်း သိရှိရသည်။


ကျောက်ဆည်မြို့နယ်တွင် အထက်တန်းကျောင်း(၁၁)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၉)ကျောင်း၊ အလယ်တန်းကျောင်း(၂)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၉)ကျောင်း၊ မူလတန်းလွန်(၂၅)ကျောင်း၊ မူလတန်းကျောင်း(၁၃၀)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၆)ကျောင်းရှိကြောင်းနှင့် ကိုဗစ်-၁၉ရောဂါထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းလုပ်ငန်းများကို ကျောင်းသား/ကျောင်းသူတိုင်းထိုးနှံနိုင်ရေး အခြေခံကျောင်း(၆၆)ကျောင်းတွင် ဆေးထိုးစုရပ်များအဖြစ်သတ်မှတ်ပြီး မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် နယ်မြေခံတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘ/အုပ်ထိန်းသူများပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သက်မောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)