ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်နှင့်ဝင်ငွေတိုးတက်ရရှိနိုင်ရန် လုပ်ငန်းတာဝန်များကို ဆောင်ရွက်သွားရမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်နှင့်ဝင်ငွေတိုးတက်ရရှိနိုင်ရန် လုပ်ငန်းတာဝန်များကို ဆောင်ရွက်သွားရမည်


MNP  -  ဇန်နဝါရီ ၁၇

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ဝန်ကြီးဌာန ၁၂ ခုမှအမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။


အရှိန်အဟုန်မြှင့်ဆောင်ရွက်


အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက မိမိတို့ကော်မတီအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံချက် (MSDP)နှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးမဟာဗျူဟာမူဘောင် (RDSF) ပါလုပ်ငန်းစဉ်များနှင့်အညီ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။


ယင်းသို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာပူးပေါင်းဆောင်ရွက် နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆက်စပ်သည့် ဝန်ကြီးဌာန ၁၂ ခုမှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များပါဝင်သော ကော်မတီဝင် ၂၆ ဦးဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီကို ပြင်ဆင်ဖွဲ့စည်းပေးခဲ့ကြောင်း။


ကော်မတီအနေဖြင့် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်နှင့် ဝင်ငွေတိုးတက်ရရှိနိုင်ရန် အရင်းမပျောက်မတည်ရန်ပုံငွေထူထောင်ပေးခြင်း၊ ကြီးကြပ်မှုကော်မတီများဖွဲ့စည်းခြင်း၊ လုပ်ငန်းတာဝန်များသတ်မှတ်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း စသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။


ရှင်းလင်းပြောကြား


ဆက်လက်၍ ကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။


ဖြည့်စွက်ဆွေးနွေး


ယင်းနောက် ကော်မတီဝင် သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးကလုပ်ငန်းကဏ္ဍများ အလိုက်တင်ပြဆွေးနွေးကြရာ ကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းများသည် ကဏ္ဍပေါင်းစုံချိတ်ဆက်ဆောင် ရွက်ရသည့်အတွက် အားလုံးပူးပေါင်းကြိုးပမ်းဆောင်ရွက်ရမည့်အပိုင်းများ၊ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာ ရေးနှစ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ဘတ်ဂျက်လျာထားခြင်းကိစ္စရပ် များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။


အကောင်အထည်ဖော်


ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအနေဖြင့် ကျေးလက်မီးလင်းရေးလုပ်ငန်း ၁၄ ခု၊ ကျေးလက်ရေရရှိရေးလုပ်ငန်း ၂၀၄၃ ခု၊ ကျေးလက်ကုန်ထုတ် လမ်းနှင့်တံတား (၈၁၇/၁)မိုင်နှင့် ၁၁၉၄ စင်း၊ ကျေးလက်အိမ်ရာ ၇၇ လုံး၊ ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းလုပ်ငန်း ၇၈၇ ခု၊ ကျေးလက်စီးပွားထူထောင်ခြင်းစီမံကိန်းနှင့် မြစိမ်းရောင်စီမံကိန်း ၁၇၄ ယူနစ်၊ လူထုဗဟိုပြုစီမံကိန်း ခြောက်မြို့နယ်၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းနှင့် Cash for Work စီမံကိန်း ၃၁၄၃ ရွာ၊ သင်တန်းစုစုပေါင်း ၈၂၈ ကြိမ်နှင့် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းအား ကျေးရွာ ၄၉၀ တွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။


အလုပ်အကိုင်ရရှိ


ကော်မတီဝင်ဝန်ကြီးဌာန၊ ဦးစီးဌာနများမှ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအနေဖြင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကျေးလက်လမ်း (၃၁၉၂/၀.၆၉) မိုင်၊ ကျေးလက်တံတားအစင်း ၃၁၇၀၊ ၇၉၀၆၄ ပေ၊ ရေရရှိရေးလုပ်ငန်းပေါင်း ၇၉၈ ခု၊ ကျေးလက်မီးလင်းရေးလုပ်ငန်းအနေဖြင့် မဟာဓာတ်အားလိုင်းစနစ်ဖြင့် ၈၆၃ ရွာ၊ မဟာဓာတ်အားလိုင်းပြင်ပအနေဖြင့် ဆိုလာ ၁၀၂၇ စုံ၊ အသက် မွေးဝမ်းကျောင်းလုပ်ငန်းအနေဖြင့် အသက်မွေးဝမ်းကျောင်းသင်တန်း ၄၄၉ ကြိမ်အား သင်တန်းသား ၈၄၃၈ ဦးဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား ၉၇၁ ဦးကို အလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)