MNP - ဇန်နဝါရီ ၁၄
ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနက တင်ဆက်ကပြလျက်ရှိသော “အသက်ထက်မြတ်သော ဂုဏ်သိက္ခာဇာတ်တော်ကြီး”ကို ယနေ့မွန်းလွဲ ၁ နာရီတွင် တတိယနေ့အဖြစ် ဆက်လက်တင်ဆက်ကပြသည်။
အဆိုပါ ဇာတ်တော်ကြီးကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ အရာရှိကြီးများနှင့်ဇနီးများ၊ တပ်မတော်သားစစ်သည်မိသားစုများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့မှတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုများ၊ ဖိတ်ကြားထားသောဧည့်သည်များ၊ စိတ်ပါဝင်စားသူပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ကပြပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့က ဖျော်ဖြေတင်ဆက်ကပြခဲ့သော အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြု ဆုငွေများပေးအပ်သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment