ကျောက်တံတားမြို့နယ်၌ တို့ပတ်ဝန်းကျင်မထိခိုက်ရေး ဆေးလိပ်ဆေးရွက်ကြီးရှောင်ရှားပေးခေါင်းစဉ်ဖြင့် မူလတန်းဆင့်ပန်းချီပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တံတားမြို့နယ်၌ တို့ပတ်ဝန်းကျင်မထိခိုက်ရေး ဆေးလိပ်ဆေးရွက်ကြီးရှောင်ရှားပေးခေါင်းစဉ်ဖြင့် မူလတန်းဆင့်ပန်းချီပြိုင်ပွဲကျင်းပ



MNP  -   ဇန်နဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ပူးပေါင်းကျင်းပသော တို့ပတ်ဝန်းကျင်မထိခိုက်ရေး ဆေးလိပ်ဆေးရွက်ကြီးရှောင်ရှားပေးခေါင်းစဉ်ဖြင့် မူလတန်းအဆင့်ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျောက်တံတားမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


အဆိုပါပန်းချီပြိုင်ပွဲတွင် ကျောက်တံတားမြို့နယ်အတွင်းရှိ အခြေပညာကျောင်းပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူ(၄၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ ပန်းချီပြုင်ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်လှလှထွေးက ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ အတွေးအခေါ်အယူအဆများတီထွင်ကြံဆတတ်စေရန်၊ ပန်ချီရေးဆွဲရာတွင် ကာလာအရောင်စပ်တတ်စေရန်နှင့် မြန်မာ့ယဉ်ကျေးမှုအနုပညာကို ချစ်မြတ်နိုးတတ်စေရန်ရည်ရွယ်ပြီး ပြိုင်ပွဲများကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။  အဆိုပါ ပန်းချီပြိုင်ပွဲအား ကျောက်တံတားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံမှ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၄၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်ဆုရကျောင်းသား၊ ကျောင်းသူများအား ပထမ၊ ဒုတိယ၊ တတိယဆုများနှင့်နှစ်သိမ့်ဆုများအား ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။


လှလှထွေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)