MNP - ဇန်နဝါရီ ၁၉
မတ္တရာမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ပဲတီစိမ်းနှင့် နွေစပါး စီမံကိန်း(၂၅၂၀၉)ဧက အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းရှင်များ၊ တောင်သူများနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်းမှ စီမံကိန်းတွင်ပါဝင်မည့် စာချုပ်ပုံစံများအား အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ မတ္တရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ လုပ်ငန်းရှင်များနှင့် မျိုးစေ့ထုတ်အသင်းအဖွဲ့များ၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးနိုင်ရေးအတွက် ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသည့်လုပ်ငန်းရှင်များနှင့် မျိုးစေ့ထုတ်အသင်းအဖွဲ့များမှ စီမံကိန်းအောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးတင်ပြခဲ့ကြသည်။ ထို့နောက် ခရိုင်အဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များမှ မတ္တရာမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်အဆင့်လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ ဝယ်ယူ၊ ကြိတ်ခွဲ၊ တင်ပို့သူအစုအဖွဲ့၊ ဆန်စက်လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ မျိုးစေ့ထုတ်အသင်းများ၏ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တောင်သူအစုအဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။ အစည်းအဝေးအပြီးတွင် စိုက်ပျိုးရေးစီးဌာန ဒုတိယတိုင်းဦးစီးမှူးသည် မြို့နယ်ရုံးရှိဝန်ထမ်းများနှင့်တွေ့ဆုံ၍ အစည်းအဝေးပြုလုပ်ခဲ့ပြီး ရုံးဝန်းအတွင်းရှိဂိုထောင်များတွင် ယူရီးယားမြေသြဇာရရှိ၊ ဖြန့်ဖြူး၊ လက်ကျန်အခြေအနေများ၊ အရံမျိုးစပါးစုဆောင်းထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စိုးကျော်သူထွေး
https://t.me/MyanmarNationalPost
No comments:
Post a Comment