မရမ်းကုန်းမြို့နယ်၌ မူးယစ်​ဆေးဝါးအန္တရာယ်တားဆီးကာကွယ်​ရေး အသိပညာ​ပေး​ဟောပြောပွဲနှင့် နံရံကပ်စာ​စောင်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မရမ်းကုန်းမြို့နယ်၌ မူးယစ်​ဆေးဝါးအန္တရာယ်တားဆီးကာကွယ်​ရေး အသိပညာ​ပေး​ဟောပြောပွဲနှင့် နံရံကပ်စာ​စောင်ပြပွဲကျင်းပ



MNP   -    ဇန်နဝါရီ ၁၉

​ကျောင်းသား၊​ ကျောင်းသူ​လေးများ ငယ်ရွယ်စဉ်အချိန်ကပင် မူးယစ်​ဆေး၏ဆိုးကျိုးများကို သိရှိနားလည်နိုင်​စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းမြို့နယ် အမှတ်(၁၇)အ​ခြေခံပညာမူလတန်း​ကျောင်း၌ ယ​မန်နေ့နံနက် ၁၀:၀၀ နာရီက ​မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ​ဟော​ပြောပွဲတွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး​ဒေါ်အေး​အေး​အောင်က ​ဆေးလိပ်၊​ ဆေးရွက်ကြီး​၊ ဘိန်းဖြူ၊ စိတ်ကြွ​ဆေးအစရှိသည့် မူးယစ်ထုံထိုင်း​​စေသည့်​ ဆေးများသုံးစွဲခြင်း​ကြောင့်ဖြစ်​ပေါ်လာမည့် စိတ်ပိုင်းနှင့်ရုပ်ပိုင်ဆိုင်ရာဆိုးကျိုးများအ​ကြောင်းကို ​ကျောင်းသား၊ ကျောင်းသူများနားလည်ပြီး လိုက်နာနိုင်​ကြ​စေလို​ကြောင်း ​ဟော​ပြော​ဆွေး​နွေးခဲ့သည်။


ထို့​​နောက်​ ကျောင်းသား၊​ ကျောင်းသူများအား မူးယစ်​ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာ​ပေးနံရံကပ်စာ​စောင်များပြသခဲ့ကြောင်း သိရသည်။


​အေး​အေး​အောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)