MNP - ဇန်နဝါရီ ၁
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့တွင် ပါတီဖြတ်လမ်း ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးအောင်ဇော်မင်းမှ အဖွင့်အမှာစကား ပြောကြားကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဖြိုးဝေအောင်မှ လမ်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားရာ လမ်းအရှည် (၃၁၀)ပေ၊ အကျယ် (၁၈)ပေ၊ အမြင့် (၈)လက်မဖြင့် ခင်းထားခြင်းဖြစ်ကြောင်း ပြောကြားပြီး ရပ်ကွက်နေပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား လမ်းဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ပြီး လမ်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဖြိုးဝေအောင်နှင့် တာဝန်ရှိသူတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့မှ လမ်းအားလှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်သူ
https://t.me/MyanmarNationalPost
No comments:
Post a Comment