ရခိုင်ပြည်နယ် မောင်တောမြို့ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ











MNP  -   ဇန်နဝါရီ  ၂၉

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌  မြို့နယ်အဆင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် နှင့် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွှဲ ၁ နာရီအချိန် သီရိမင်္ဂလာခန်းမတွင် ကျင်းပ ပြု လုပ် သည်။ 


ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းသား၊ကျောင်းသူလေးများက “စုံညီပွဲတော်” သီချင်း ဖြင့် သီဆို ဖျော်ဖြေဖွင့်လှစ်ခဲ့ကြပြီး  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ၊ ခရိုင်အုပ်ချုပ်ရေးမှူး  ဦးနေဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးအောင်မြင့်သိန်းက ကျေးဇူး တင် ဝမ်းမြောက်စကားပြောကြားခဲ့သည်။ ထို့နောက်  အမှတ်(၁) နှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ၊ (၄)မိုင် အခြေခံပညာအထက်တန်းကျောင်း ၊အမှတ်(၁) နှင့် အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း ၊ အ မှတ်(၂) နှင့် အမှတ်(၃) အခြေခံပညာ မူလတန်း (လွန်)ကျောင်းတို့မှ ကျောင်းသား ၊ကျောင်းသူလေးများက ရခိုင် ရိုးရာယဉ်အကအလှများ  ၊ တေးသီချင်း အမျိုးမျိုးဖြင့် ကပြ ဖျော် ဖြေပေးခဲ့ကြသည်။ 


ထို့နောက် ၂၀၂၂-၂၀၂၃  ပညာသင်နှစ် ၊ မြို့နယ်အတွင်း ဉာဏ ၊ ကာယစွမ်းရည်  ပညာရည်ချွန်ဆု ရရှိသူများ နှင့် အားကစား ထူးချွန်ဆုရရှိသော ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးကြပြီး  (၄)မိုင်အခြေခံပညာအထက်တန်းကျောင်း သား၊ကျောင်းသူလေးများက “ရခိုင်တို့မြေလာခဲ့လေ”သီချင်းဖြင့် သီဆို ဖျော်ဖြေပေးခဲ့ကြသည်။ အဆိုပါ အခမ်း အနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး ကံထွန်းအောင် နှင့် အဖွဲ့ဝင်များ ၊ ခရိုင်/မြို့နယ်ပညာရေးမှူး ၊ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ အငြိမ်းစား ဆရာကြီး ၊ဆရာမကြီးများ ၊ သက်ဆိုင်ရာကျောင်းအုပ်ကြီးများ ၊ဆရာ/ဆရာမများ ၊ကျောင်းသား၊ ကျောင်းသူ များ  နှင့် ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


သက်လွင်စိုး၊အောင်ကျော်စိန်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)