နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်



MNP  -  ဇန်နဝါရီ ၁၉

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲအခမ်း အနားကို ယမန်နေ့မွန်းလွဲ(၁) နာရီတွင် ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် နေပြည်တော် တွင် Green City၊ Clean City၊ Smart City များကို ဆောင်ရွက်နေလျက်ရှိကြောင်း၊ စိုက်ပျိုးရေးများကို အထွက်တိုးကောင်းအောင် စနစ်တကျ စိုက်ပျိုးစေလိုကြောင်း၊ MSME နှင့်ပတ်သက်၍ လက်ရှိလုပ်ငန်းများထက် တိုးတက်အောင် ဆောင်ရွက်စေလိုကြောင်း၊ သန့်ရှင်းသာယာလှပရေးကို ဌာနဆိုင်ရာများအားလုံးက အလေးထား ဆောင်ရွက်စေလိုကြောင်း တိုက်တွန်း ပြောကြားသည်။


ထို့နောက် လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းကိုက လယ်ဝေးခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊  လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်ဆောင်က လယ်ဝေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများအားလည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက ဒက္ခိဏသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများအားလည်းကောင်း အသီးသီးဆွေးနွေးတင်ပြကြသည်။


ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေနွေးပေးခဲ့ကြောင်း သိရသည်။


အောင်ကိုကို

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)