မြိတ်မြို့တွင် ကျောင်းသား/သူ လူငယ်အချင်းချင်း အသိပညာ ဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်း ဆွေး‌နွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့တွင် ကျောင်းသား/သူ လူငယ်အချင်းချင်း အသိပညာ ဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်း ဆွေး‌နွေးပွဲ ကျင်းပ




MNP  -   ဇန်နဝါရီ   ၁၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျောင်းသား/သူ လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းဆွေး‌နွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အထက(၃)မြိတ်နှင့် အထက(၈)မြိတ်တို့တွင် ဇန်နဝါရီ(၁၈)ရက် နေ့လယ်ပိုင်းက ကျင်းပခဲ့ကြသည်။


လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျောင်းသား/သူ လူငယ်များ အသိပညာများတိုးတက်လာစေရန်၊ ပရိသတ်အရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိရှိလာစေရန်၊ လူငယ်အချင်းချင်း အသိပညာအတတ်ပညာတွေ ဖလှယ်တတ်စေရန်၊ တစ်ဦးနဲ့တစ်ဦးယဉ်ကျေးမှုများရှိပြီး ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အမှားအမှန်ခွဲခြား တတ်စေရန်နှင့် စဉ်းစားဆင်ခြင်ဉာဏ် တိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။


ရှေးဦးစွာ အထက(၃)မြိတ် ပညာရတနာခန်းမတွင် စကားဝိုင်း ဆွေးနွေးပွဲကို မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန်က အဖွင့်အမှာစကားပြောကြား၍ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရှေးဦးစီးဌာန  မြိတ်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါခိုင်က လူငယ်စကားဝိုင်း ကျင်းပရသည့်  ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို စတင်ခဲ့သည်။


စကားဝိုင်းဆွေးနွေးပွဲတွင် လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်အားကစား စသည့် ခေါင်းစဉ်များဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဒေါ်ချိုချိုစန်းက Moderator ဖြင့် ဆောင်ရွက်၍ အထက်တန်းကျောင်းသား/သူ(၆)ဦး ပါဝင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား/သူများမှ ဝင်ရောက် ဆွေးနွေးခဲ့ကြသည်။


အလားတူ အထက(၈)မြိတ်တွင်လည်း  လူငယ်စကားဝိုင်း ဆွေး‌နွေးပွဲပြုလုပ်ခဲ့ပြီး စကားဝိုင်း ဆွေးနွေးပွဲတွင် လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်အားကစား ခေါင်းစဉ်များဖြင့် Moderator ဒေါ်ချိုချိုစန်းနှင့် အထက်တန်း ကျောင်းသား/သူ(၆)ဦးမှ ဦးဆောင်၍ ကျောင်း သား/သူများဖြင့် ‌ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ခိုင်ထူး 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)