တနင်္သာရီမြို့နယ်၊အမက-တပ်ဦးကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့နယ်၊အမက-တပ်ဦးကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲကျင်းပ



MNP  -  ဇန်နဝါရီ ၁၃

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ ချောင်းငယ်ရပ်ကွက်၊ အမက-တပ်ဦးကျောင်းခန်းမအတွင်း ယနေ့ နံနက် ၉ နာရီအချိန်က ကျောင်းသူ/သားများ ကာယ/ ဉာဏ/စာရိတ္တ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုချီး မြှင့်ပွဲအခမ်း အနားကို ကျင်းပရာ ရှေးဦးစွာ ကျောင်းသူ/သားများက ပန်းကလေးများရဲ့ ဥယျာဉ်မှူး သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။


ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်အေးက အဖွင့်အမှာစကားပြောကြားပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူအောင်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းရည်ရွယ် ချက်များကိုရှင်းလင်းပြောကြားကာ ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှဦးကျော်နိုင်ဌေးက ကျောင်းသားမိဘများ၏ကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။


ဆက်လက်၍၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်းအတန်းလိုက် ပညာရည်ထူးချွန်းဆုရရှိကြသည့် ကျောင်းသူ/သား(၃)ဦးစီအား ဒုတိယမြို့နယ် ပညာရေးမှူး ဦးခင်အေး၊ ကျောင်းအကျိုး ဆောင်ဥက္ကဌဦးလှစိုးနှင့် ကျောင်းကော်မတီဥက္ကဌဦးမျိုးလွင် ၊မိဘ/ဆရာအသင်း(နာယက) ဦးသန်းအေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့်တာဝန်ရှိသူများက ဂုဏ်ပြုလက်မှတ်နှင့် ဆုငွေများကို အသီသီး ချီးမြှင့်ပေးကြကြောင်း သိရသည်။


ယင်းနောက် ကျောင်းသူ/သားလေးများက အတန်းလိုက် အကပဒေသာများဖြင့်ကပြ ဖျော်ဖြေ ကြရာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ကျောင်းအကျိုး တော်ဆောင်အဖွဲ့၊ မိဘ/ဆရာအသင်းအဖွဲ့ဝင်များ၊ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/မများ ကျောင်း သားမိဘ/အုပ်ထိန်းသူများကအား ပေးကြည့်ရှုကြပြီး နှစ်ခြိုက်သဘောကျသဖြင့် ဆုတော်ငွေများချီးမြှင့်ပေးကြကာ၊ အခမ်းအနားကို နံနက် ၁၀နာရီ ခွဲအချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)