မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဘူးသီးတောင်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဘူးသီးတောင်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး


MNP -  ဇန်နဝါရီ ၅

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ ဘူးသီးတောင်မြို့တွင် ဒေသဖွံ့ဖြိုးရေးနှင့် ဌာနဆိုင်ရာများ၏ ရုံးများအတွင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ဇန်နဝါရီ ၃ ရက်နေ့နံနက်ပိုင်းက မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့်အဖွဲ့ဝင်များ ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ ၊ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။


ထို့သို့ စစ်ဆေးဆောင်ရွက်ရာတွင် မောင်တောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများဖြစ်သည့် Silver Flower House ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ၂၅၅.၄၃၅ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ၄ ခန်းတွဲ ၂ ထပ် မီးသတ်ဝန်ထမ်းအိမ်ရာတည်ဆောက်ခြင်းနှင့် လုပ်ငန်းလက်ကျန်ခြံစည်းရိုးကာရံခြင်း လုပ်ငန်း၊ သိန်းရွှေဇင်ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ၈၁.၀၀ သန်းဖြင့်ဆောင်ရွက်သည့် ရွှေဗိမာန် ဘုန်းတော်ကြီးကျောင်းအဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ မေယုအားမန်ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ၃၆.၃၁၅ သန်းဖြင့် ဆောင်ရွက်သည့် မျိုးစေ့ဂိုဒေါင်ဆောက်လုပ်ခြင်းလုပ်ငန်း၊ စိုင်းဒင်အားမန်ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ၁၂၆.၀၀ သန်းဖြင့်ဆောင်ရွက်သည့် ပြည်သူ့ဆေးရုံ သိုလှောင်ရုံ၊ ရင်ခွဲရုံနှင့် ဆက်စပ်လုပ်ငန်းများ၊ ထူးအေးရိပ်ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ၇၅.၆၀ သန်းဖြင့်ဆောင်ရွက်သည့် ဇီဝကလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ စိန်စီသောလမ်းကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ၁၅.၀၀ သန်းဖြင့် ဆောင်ရွက်သည့်အားကစားခန်းမအနီး ရေစင်တည်ဆောက်ခြင်းလုပ်ငန်း၊ လမင်းဟိန်းကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ၁၃၅.၀၀ သန်းဖြင့် ဆောင်ရွက်သည့်စိုက်/ ဘဏ်အဆောက်အဦ တည်ဆောက်ခြင်းလုပ်ငန်း၊ စိုင်းဒင်အားမန်ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေ ၁၆၃.၂၀၀ သန်းဖြင့် ဆောင်ရွက်သည့် မေဃဝတီ လမ်းကွန်ကရစ်ခင်းခြင်းနှင့် Box Culvart ၁ စင်း တည်ဆောက်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလဘဏ္ဍာရေးနှစ်အတွင်း စံချိန်၊ စံညွန်း အရည်အသွေးပြည့်မီစွာဖြင့်ဆောင်ရွက်ကြရန် ကုမ္ပဏီမှတာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။


သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)