MNP - ဇန်နဝါရီ ၂၁
ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်တွင် (၃၀-၁၂-၂၀၂၂)ရက်နေ့တွင်ရသေ့တောင်မြို့နယ်အ ရှေ့မြောက်ရပ်ကွက်ပညာပါရမီ ကျောင်း၌ဖြစ်ပွားခဲ့သည့်မီးဘေးကြောင်းဘေးအန္တရာယ်ခံစားခဲ့ရသည့်ပြည်သူများအားထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ပွဲကို ယနေ့၊ နံနက်၁၀နာရီက ရသေ့တောင်မြို့၊ပညာပါရမီဘုန်းတော်ကြီးကျောင်း၌ ထောက်ပံခဲ့သည်။
အဆိုပါထောက်ပံပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်၊မြို့နယ်ရဲမှူးသက်နိုင်နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာနမှမြို့နယ်ဦးမှူးဦးကျော်လွင်တို့ ကမီးဘေးသင့်အိမ်ထောင်စု၁၄စု၊မီးဘေးသင့်လူဦးရေ ၅၂ယောက်တို့အား ငွေကျပ်(၁၀၉၂၀၀)ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၅၀၀၀၀)ကျပ်တန်ဖိုးရှိ Kitပုံး(၁၄)ပုံးအား မီးဘေးသင့်ပြည်သူများအားထောက်ပံပေးအပ်ခဲ့ပြီးပညာပါရမီကျောင်းထိုင်ဆရာတော် ဦးပုညအား ငွေကျပ်(၃၅၀၀၀၀)တိတိအားပေးအပ်လှူဒါန်းခဲ့ကြောင်းမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှသိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment