MNP - ဇန်နဝါရီ ၂၁
တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေး စုံညီ ပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၁)နာရီအချိန်က အမှတ်(၁)၊အခြေခံပညာ အထက်တန်း ကျောင်း ၊ ပညာရတနာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား၊ကျောင်းသူများက ပညာ့ဗိမာန် သီချင်းဖြင့် အခမ်းအနားကိုသီဆိုဖွင့်လှစ်ပေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့် ခရိုင် ပညာရေးမှူး ဒေါ်တင်တင်ဦး တို့ကအမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်းအောင် က မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊မြို့နယ်အဆင့် ပညာရည်ထူးချွန်ဆုရရှိသူများ ၊(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ၊ အမျိုးသားအောင်ပွဲနေ့ ၊ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေး နေ့ ၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ၊ အာဇာနည်နေ့ ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ နှင့် ကျောင်းကျန်း မာရေးသီတင်းပတ်အထိမ်းအမှတ်(ထက် ၊ လယ်)အဆင့် ပန်းချီ ၊ စာစီစာကုံး၊ ကဗျာ နှင့် ဆောင်းပါးပြိုင်ပွဲများ တွင် အဆင့်ဆင့် ဆု ရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ကြသည်။
ထို့နောက် မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ၊ ကျောင်းသူများက တေးသရုပ်ဖော် အက ၊ တစ်ပင်တိုင်အက ၊ မင်းသားအကများဖြင့် ကပြတင်ဆက်ကြသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့် အဖွဲ့ဝင်များ ၊ ခရိုင် ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ဆရာ ၊ ဆရာမများ ၊ ကျောင်းသား၊ကျောင်းသူများ ၊ ကိုယ်ပိုင်ကျောင်းများမှ တာဝန်ရှိသူများ နှင့်လုပ်ငန်းရှင် များတက်ရောက်ခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment