အခြေခံပညာအထက်တန်းကျောင်း(တုန်ဟုန်း)၌ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံပညာအထက်တန်းကျောင်း(တုန်ဟုန်း)၌ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ





MNP  -  ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း(တုန်ဟုန်း) ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ပညာရည်ချွန်ဆုပေးပွဲနှင့် ၂၀၂၂-၂၀၂၃ ပညာသင် နှစ်ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီက အခြေခံပညာအထက်တတန်းကျောင်း(တုန်ဟုန်း) နှင်းဆီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်၍ Grade-11 မှကျောင်းသား/ကျောင်းသူလေး များက  မြန့်မာ့ကျောင်းသီချင်းကို မြန်မာဘာသာ အင်္ဂလိပ်ဘာသာ နှစ်မျိုးဖြင့်  သီဆို ဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် တပ်မတော်ဦးစီး ပထမတန်း ဒုတိယဗိုလ်မှူးကြီး ဦးခွန်မိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း၊ ကျောင်းအကျိုး တော်ဆောင်ဥက္ကဋ္ဌ ဦးမိုးသူက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဆောင်ရွက်ပြီးစီးမှုနှင့် ရသုံးငွေစာရင်းများအား ရှင်းလင်းတင်ပြခဲ့ကြောင်း၊  အခြေခံပညာအထက်တန်းကျောင်း (တုန်ဟုန်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဆိုင်လောင်က  ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။


ထို့နောက် တာဝန်ရှိသူများက ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ထည့်ဝင်လှူဒါန်းခဲ့ကြ သောအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အတန်းအသီးသီးတွင် (A)အဆင့်ဖြင့် ထူးချွန်အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူ များအား ဆုချီးမြှင့်ခြင်း၊ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင်ခဲ့ကြသူများ အား ဆုချီးမြှင့်ခြင်း၊ မြို့နယ်အဆင့် ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများအား ဆုချီးမြှင့်ခြင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ထူးချွန်ဆုရရှိ သော ဆရာ/ဆရာမများအား ဆုချီးမြှင့်ခြင်း၊ ကျောင်းတွင်းအားကစားပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်း စသည့်ဆုများကို တာဝန်ရှိ သူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး မြို့နယ်အဆင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် ဆုရရှိခဲ့ ကြသော ကျောင်းသား/သူများမှ ဖျော်ဖြေတင်ခဲ့ကြောင်း၊ ကျောင်းသား/သူလေးများက တေးသရုပ်ဖော် တိုင်းရင်းသားရိုးရာအကအလှများဖြင့် သီဆိုဖျော်ဖြေကပြခဲ့ကြပြီး Grade-10 ကျောင်းသားကျောင်းသူ လေးများက  ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြ၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊  ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်၍ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။


သီဟ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)