မြောက်ဦးမြို့၌ လိုင်စင်မဲ့ဆိုင်ကယ်များ ယာဉ်လိုင်စင်ပြုလုပ်ပေးခြင်းနှင့် သက်တမ်းတိုးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ လိုင်စင်မဲ့ဆိုင်ကယ်များ ယာဉ်လိုင်စင်ပြုလုပ်ပေးခြင်းနှင့် သက်တမ်းတိုးဆောင်ရွက်


MNP -  ဇန်နဝါရီ  ၅

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ မှတ်ပုံတင်မဲ့မော် တော်ဆိုင်ကယ် များအား One Stop Service (OSS) ဖြင့် မှတ်ပုံတင်ပြုလုပ်ပေးခြင်းနှင့် ဆိုင်ကယ်၊ မော်တော်ယဉ်များ သက်တမ်းတိုးဆောင်ရွက်ခြင်းကို အောင်တပ်ရပ်ကွက် မြို့တော်ခန်းမ၌ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ လိုင်စင်မဲ့ဆိုင်ကယ်များအား ယာဉ်လိုင်စင်ပြုလုပ်ပေးခြင်းနှင့် (၅) နှစ်အောက် သက်တမ်းတို ဆောင်ရွက်မည့် မော်တော်ဆိုင်ကယ်နှင့် မော်တော်ယဉ်များအား မြို့တော်ခန်းမ၌ One Stop Service (OSS) ဖြင့် ရခိုင်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှူးဦးစီးဌာနမှ ဦးဆောင် ၍ မြန်မာ့အာမခံလုပ်ငန်း၊ အကောက်အခွန်ဦးစီးဌာန ၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ မြောက်ဦး မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြောက်ဦးမြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာန၊ မြန်မာ့စီးပွားရေး တို့ပူးပေါင်း၍ One Stop Service (OSS)  စနစ်ဖြင့် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ  ဇန်နဝါရီလ ၃ ရက်နေ့ မှ ဇန်နဝါရီလ ၇ ရက်နေ့အထိ  မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင်ပြုလုပ်ပေးခြင်းနှင့် သက်တမ်းပြတ် (၅) နှစ်အောက် မော်တော် ဆိုင်ကယ်များ၊ မော်တော်ယာဉ်များအား သက်တမ်းတိုးဆောင်ရွက်ခြင်း ယာဉ်မောင်းလိုင်စင်ပြုလုပ်ပေးခြင်းနှင့် သက်တမ်းတိုးဆောင်ရွက်သူများအနေဖြင့် အဆင်ပြေစေရန် ကူညီစီစဉ်ဆောင်ရွက်ပေးလျက် ရှိသည်။


အဆိုပါ မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင်ပြုလုပ်ပေးခြင်း၌ ကညနမှ မှတ်ပုံ တင်ခ (၃၁၉၀၀) ကျပ်၊ မြန်မာ့အာမခံလုပ်ငန်း အာမခံကြေး (၄၁၅၀) ကျပ်၊ မြို့နယ် စည်ပင်သာယာမှ ဘီးခွန်ကြေး (၃၀၀၀) ကျပ်၊ ဘဏ်ငွေသွင်းချလန်ကြေး (၅၀၀) ကျပ်နှင့် နိုင်ငံအလိုက် ထုတ်လုပ်သော မော်ဒယ်အမျိုးအစားအလိုက် ပေးသွင်းရမည့် ဒဏ်ကြေးများလည်း အခွန်ပေး သွင်းနိုင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)